ထို့နောက် ကိုယ်တော်သည် ချက်ချင်းပင် တပည့်တော်တို့ကို လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းရှိ ဗက်ဇဲဒမြို့သို့ အလျင်ဦးစွာကူးနှင့်စေတော်မူပြီး တစ်ချိန်တည်းမှာပင် လူထုပရိသတ်များကို ပြန်လွှတ်တော်မူ၏။
ရှင်ယောဟန် 6:17 - မြန်မာ့စံမီသမ္မာကျမ်း လှေပေါ်တက်ပြီးလျှင် ပင်လယ်တစ်ဖက်ကမ်းရှိ ကပေရနောင်မြို့သို့ ကူးသွားကြ၏။ မိုးချုပ်ပြီဖြစ်သော်လည်း ယေရှုသည် သူတို့ထံသို့မရောက်လာသေး။ Common Language Bible လှေပေါ်သို့တက်ကြပြီးလျှင်အိုင်တစ်ဖက်ကမ်း ရှိကပေရနောင်မြို့သို့ပြန်သွားကြ၏။ မိုးချုပ် လာသော်လည်းသခင်ယေရှုကားသူတို့ထံသို့ မကြွမရောက်သေး။- Garrad Bible လှေစီးလျက် ကပေရနောင်မြို့သို့ကူးနေကြရာ မိုးချုပ်၍လေပြင်းကျသဖြင့် လှိုင်းတံပိုးထသည့်ကာလ ယေရှုသည်သူတို့ထံမကြွမရောက်သေး။ Judson Bible ထိုအခါမှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ ရှိရာသို့မရောက်သေး။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မိုးချုပ်လာပြီဖြစ်သော်လည်း ယေရှုကြွမလာသေးသဖြင့် သူတို့သည် လှေပေါ်သို့တက်၍ အိုင်တစ်ဖက်ကမ်းရှိ ကပေရနောင်မြို့သို့ ကူးနှင့်ကြ၏။ မြန်မာ ထိုအခါမှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ ရှိရာသို့မရောက်သေး။- |
ထို့နောက် ကိုယ်တော်သည် ချက်ချင်းပင် တပည့်တော်တို့ကို လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းရှိ ဗက်ဇဲဒမြို့သို့ အလျင်ဦးစွာကူးနှင့်စေတော်မူပြီး တစ်ချိန်တည်းမှာပင် လူထုပရိသတ်များကို ပြန်လွှတ်တော်မူ၏။
ထို့နောက် ကိုယ်တော်သည် မယ်တော်၊ ညီတော်များ၊ တပည့်တော်များနှင့်အတူ ကပေရနောင်မြို့သို့ကြွ၍ ထိုမြို့၌ ရက်အနည်းငယ်နေတော်မူ၏။
ထို့နောက် ယေရှုသည် ရေကိုစပျစ်ဝိုင်ဖြစ်စေခဲ့ရာ ဂါလိလဲနယ်၊ ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုအခါ၌ ကပေရနောင်မြို့တွင် မှူးမတ်တစ်ဦးရှိ၍ သူ့သားသည် နာမကျန်းဖြစ်နေ၏။
ကိုယ်တော်သည် ကပေရနောင်မြို့၌ သွန်သင်တော်မူစဉ် ဤအကြောင်းအရာများကို ဝတ်ပြုစည်းဝေးကျောင်းတွင် မိန့်တော်မူ၏။