ထို့နောက် ယေရှုသည် နတ်ဆိုးကိုဆုံးမတော်မူလျှင် နတ်ဆိုးသည် သူငယ်အထဲမှထွက်သွားသဖြင့် သူငယ်သည် ထိုအချိန်မှစ၍ ကျန်းမာလာလေ၏။
ရှင်ယောဟန် 4:52 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူသည် မိမိ၏သား သက်သာသွားသည့်အချိန်ကို အစေခံတို့အားမေးမြန်းလျှင် သူတို့က “မနေ့မွန်းလွဲတစ်နာရီတွင် အဖျားပျောက်သွားပါသည်”ဟု လျှောက်ကြ၏။ Common Language Bible ထိုသူက ``အဘယ်အချိန်၌သားငယ်ရောဂါ သက်သာသွားပါသနည်း'' ဟုမေးသောအခါ အစေခံများက ``ယမန်နေ့မွန်းလွဲတစ်နာရီ ခန့်တွင်အဖျားပျောက်ပါ၏'' ဟုဖြေကြား ကြ၏။- Garrad Bible သက်သာချိန်ကို မေးမြန်းသော်၊ ယမန်နေ့ခုနစ်နာရီအချိန် အဖျားကင်းပျောက်ပါသည်ဟု ပြန်လျှောက်ကြသဖြင့်၊ Judson Bible အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟု မေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက်ပါသည်ဟု လျှောက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် အမတ်က “မည်သည့်အချိန်တွင် စတင်ကျန်းမာလာသနည်း” ဟု မေး၏။ ထိုအခါ သူတို့က “မနေ့က မွန်းလွဲ တစ်နာရီတွင် အဖျားကျသွားပါသည်” ဟု ဖြေကြ၏။ မြန်မာ အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟု မေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက်ပါသည်ဟု လျှောက်ကြ၏။- |
ထို့နောက် ယေရှုသည် နတ်ဆိုးကိုဆုံးမတော်မူလျှင် နတ်ဆိုးသည် သူငယ်အထဲမှထွက်သွားသဖြင့် သူငယ်သည် ထိုအချိန်မှစ၍ ကျန်းမာလာလေ၏။
ထို့နောက် ယေရှုသည် တပ်မှူးအား“သွားလော့။ သင်ယုံကြည်သည့်အတိုင်း သင်၌ဖြစ်စေ”ဟု မိန့်တော်မူ၏။ ထိုအချိန်နာရီ၌ပင် သူ၏ငယ်သားသည် ကျန်းမာလာလေ၏။
အပြန်လမ်းတွင် သူ၏အစေအပါးတို့သည် သူ့ကိုဆီးကြိုလျက် သူ့သားအသက်ချမ်းသာရာရပြီဖြစ်ကြောင်း ပြောကြားကြ၏။
ထိုအချိန်သည်“သင်၏သား အသက်ချမ်းသာရာရပြီ”ဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်ကြောင်းကို ဖခင်သိသဖြင့် သူကိုယ်တိုင်မှစ၍ သူ၏အိမ်သူအိမ်သားအပေါင်းတို့သည် ယုံကြည်ကြ၏။