ဧလိယသည် သူငယ်ကိုပွေ့ပြီး မိမိနေရာအထက်ခန်းမှ အောက်သို့ချီလာ၍ သူငယ်ကို မိခင်လက်သို့အပ်လိုက်ပြီး ဧလိယက “ကြည့်ပါ။ သင့်သား အသက်ပြန်ရှင်ပြီ”ဟု ဆို၏။
ရှင်ယောဟန် 4:51 - မြန်မာ့စံမီသမ္မာကျမ်း အပြန်လမ်းတွင် သူ၏အစေအပါးတို့သည် သူ့ကိုဆီးကြိုလျက် သူ့သားအသက်ချမ်းသာရာရပြီဖြစ်ကြောင်း ပြောကြားကြ၏။ Common Language Bible သူသည်လမ်းခရီးမှာရှိနေသေးစဉ်သူ၏ အစေခံများရောက်လာ၍ ``အရှင်၏သားငယ် သည်သက်သာလာပါပြီ'' ဟုပြောကြားကြ၏။ Garrad Bible ခရီးအကြား ကြိုဆိုလာသောကျွန်တို့က အရှင့်သားအသက်ရှင်ကြောင်း လျှောက်ထားကြရာ၊ Judson Bible လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားသည် အသက်ချမ်းသာရပါပြီဟု ကြားလျှောက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အပြန်လမ်း၌ပင် သူ၏ အစေခံများနှင့် တွေ့ဆုံရာ သူတို့က သားဖြစ်သူသည် ကျန်းမာပြီဖြစ်ကြောင်း ပြောကြားကြ၏။ မြန်မာ လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားသည် အသက်ချမ်းသာရပါပြီဟု ကြားလျှောက်ကြ၏။- |
ဧလိယသည် သူငယ်ကိုပွေ့ပြီး မိမိနေရာအထက်ခန်းမှ အောက်သို့ချီလာ၍ သူငယ်ကို မိခင်လက်သို့အပ်လိုက်ပြီး ဧလိယက “ကြည့်ပါ။ သင့်သား အသက်ပြန်ရှင်ပြီ”ဟု ဆို၏။
ယေရှုကလည်း“သွားလော့။ သင်၏သား အသက်ချမ်းသာရာရပြီ”ဟု မိန့်တော်မူ၏။ ထိုမှူးမတ်သည် မိမိအား ယေရှုမိန့်တော်မူသောစကားကိုယုံကြည်၍ ပြန်သွားလေ၏။
ထိုအခါ သူသည် မိမိ၏သား သက်သာသွားသည့်အချိန်ကို အစေခံတို့အားမေးမြန်းလျှင် သူတို့က “မနေ့မွန်းလွဲတစ်နာရီတွင် အဖျားပျောက်သွားပါသည်”ဟု လျှောက်ကြ၏။
ထိုအချိန်သည်“သင်၏သား အသက်ချမ်းသာရာရပြီ”ဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်ကြောင်းကို ဖခင်သိသဖြင့် သူကိုယ်တိုင်မှစ၍ သူ၏အိမ်သူအိမ်သားအပေါင်းတို့သည် ယုံကြည်ကြ၏။