ထိုအခါ လူထုပရိသတ်အပေါင်းတို့သည် အံ့ဩငေးမော၍ “ဤသူသည် ဒါဝိဒ်၏သားတော်ဖြစ်လေမည်လော”ဟု ပြောဆိုကြ၏။
ရှင်ယောဟန် 4:29 - မြန်မာ့စံမီသမ္မာကျမ်း “ကျွန်မပြုခဲ့သမျှသောအရာတို့ကို ကျွန်မအားထုတ်ဖော်ပြောဆိုသောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်လေမည်လော”ဟု လူတို့အားဆိုသဖြင့် Common Language Bible ``ကျွန်မပြုခဲ့သမျှသောအမှုအရာများ အကြောင်းကိုပြောပြသူကိုလာ၍ကြည့်ကြ ပါ။ သူသည်ခရစ်တော်ပင်ဖြစ်လိမ့်မည်လော'' ဟုလူတို့အားဆို၏။- Garrad Bible ကျွန်မပြုခဲ့ဘူးသမျှဖော်ပြသူတစ်ပါးကို လာ၍ကြည့်ကြပါ။ ထိုသူသည်ခရစ်တော်မဟုတ်လောဟု မြို့သားတို့အားဆိုသော်၊ Judson Bible အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို ထုတ်ဖော်သောသူကို လာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း “ကျွန်မပြုခဲ့သမျှကို အကုန်အစင်ဖော်ပြနိုင်သောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်မည်လော” ဟု လူတို့အား ပြောလေ၏။ မြန်မာ အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို ထုတ်ဖော်သောသူကို လာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊- |
ထိုအခါ လူထုပရိသတ်အပေါင်းတို့သည် အံ့ဩငေးမော၍ “ဤသူသည် ဒါဝိဒ်၏သားတော်ဖြစ်လေမည်လော”ဟု ပြောဆိုကြ၏။
ထိုအမျိုးသမီးကလည်း “ခရစ်တော်ဟုခေါ်ဝေါ်သော မေရှိယကြွလာတော်မူမည်ကို ကျွန်မသိပါ၏။ ထိုအရှင်ကြွလာတော်မူသောအခါ ကျွန်မတို့အား အလုံးစုံတို့ကိုဖော်ပြတော်မူလိမ့်မည်”ဟု လျှောက်လျှင်
“ကျွန်မပြုခဲ့သမျှသောအရာတို့ကို ထိုသူထုတ်ဖော်ပြောဆိုခဲ့သည်”ဟု သက်သေခံသောရှမာရိအမျိုးသမီး၏စကားကြောင့် ထိုမြို့မှရှမာရိနယ်သားများစွာတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
ကြည့်ပါ။ သူသည် ထင်ရှားစွာဟောပြောနေပါလျက် သူတို့သည် မည်သည့်အရာကိုမျှ မပြောကြပါတကား။ ဤသူခရစ်တော်ဖြစ်ကြောင်းကို အကြီးအကဲတို့သည် အမှန်ပင်သိကြပြီလော။
သို့ရာတွင် လူထုပရိသတ်ထဲမှအများစုသည် ကိုယ်တော်ကိုယုံကြည်လျက် “ခရစ်တော်ကြွလာသောအခါတွင် ဤသူပြုသည်ထက် ပို၍များသောနိမိတ်လက္ခဏာတို့ကို ပြုပါမည်လော”ဟု ဆိုကြ၏။
ဝိညာဉ်တော်နှင့်သတို့သမီးတို့က “ကြွလာတော်မူပါ”ဟု ဆိုကြ၏။ ကြားနာသောသူကလည်း “ကြွလာတော်မူပါ”ဟု ဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ယူပါစေ။
ရှမွေလကလည်း ရှောလုအား “စိတ်အာရုံရသူမှာ ငါပင်ဖြစ်၏။ အထွတ်အမြတ်ထားရာကုန်းမြင့်သို့ ငါ့ရှေ့မှတက်သွားလော့။ ယနေ့တွင် သင်တို့သည် ငါနှင့်အတူ စားသောက်ရမည်။ မနက်ဖြန်မှ ပြန်ကြပါ။ သင့်စိတ်ထဲ၌ သိလိုသောအရာအားလုံးကိုလည်း ငါပြောပြမည်။