အကျွန်ုပ်တို့သည် နန်းတော်၌အခစားသူများဖြစ်သည်နှင့်အညီ အရှင်မင်းကြီး၏ဂုဏ်သရေညှိုးနွမ်းမည်ကို မမြင်လိုပါ။ ထို့ကြောင့် အရှင်မင်းကြီးထံ လျှောက်ထားအကြောင်းကြားရခြင်း ဖြစ်ပါ၏။
ရှင်ယောဟန် 19:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါမှစ၍ ပိလတ်မင်းသည် ယေရှုကိုလွှတ်ပေးရန် ကြိုးစားရှာကြံ၏။ သို့ရာတွင် ဂျူးလူမျိုးတို့က “အရှင်သည် ထိုသူကိုလွှတ်ပေးလျှင် ဆီဇာဧကရာဇ်၏ဘက်တော်သားမဟုတ်ပါ။ မိမိကိုယ်ကိုဘုရင်ဖြစ်သည်ဟု ကြေညာသောသူအားလုံးသည် ဆီဇာဧကရာဇ်ကိုဆန့်ကျင်ပြောဆိုသောသူဖြစ်ပါသည်”ဟု အော်ဟစ်ကြ၏။ Common Language Bible ဤသို့မိန့်တော်မူသောကြောင့်ပိလတ်မင်းသည် ကိုယ်တော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နည်းလမ်းရှာကြံလေတော့၏။ သို့ရာတွင်လူ ထုက ``ထိုသူအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ပါမူအရှင်မင်းကြီးသည်ဧကရာဇ်မင်း၏ အဆွေတော်မဟုတ်တော့ပြီ။ မည်သူမဆို မိမိကိုယ်ကိုရှင်ဘုရင်ဟုဆိုသူသည် ဧကရာဇ်မင်းကိုပုန်ကန်သူဖြစ်ပါ၏'' ဟု ဟစ်အော်ကြ၏။ Garrad Bible ထို့နောက်ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ရန်ရှာကြံသော်လည်း ယုဒလူမျိုးတို့က ဤသူ့ကိုလွှတ်လျှင် မင်းကြီးသည် ကဲသာမင်း၏အကျိုးတော်ဆောင်မဟုတ်။ ကိုယ်ကိုဘုရင်လုပ်သူတိုင်း ကဲသာမင်းကိုတော်လှန်သူဖြစ်သည်ဟု ဟစ်ကြ၏။ Judson Bible ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှာ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပိလတ်မင်းသည် ယေရှုကို လွှတ်ပေးရန် နည်းလမ်းရှာကြံလေ၏။ သို့သော် ဂျူးခေါင်းဆောင်များက “ထိုသူကို လွှတ်ပေးလျှင် မင်းကြီးသည် ဆီဇာဘုရင်၏မိတ်ဆွေ မဟုတ်ပါ။ မိမိကိုယ်ကိုယ် ဘုရင်ဖြစ်သည်ဟူ၍ ကြေညာသောသူသည် ဆီဇာဘုရင်ကို ပုန်ကန်သူဖြစ်ပါ၏” ဟု အော်ဟစ်၍ ပြောဆိုကြ၏။ မြန်မာ ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှာ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။ |
အကျွန်ုပ်တို့သည် နန်းတော်၌အခစားသူများဖြစ်သည်နှင့်အညီ အရှင်မင်းကြီး၏ဂုဏ်သရေညှိုးနွမ်းမည်ကို မမြင်လိုပါ။ ထို့ကြောင့် အရှင်မင်းကြီးထံ လျှောက်ထားအကြောင်းကြားရခြင်း ဖြစ်ပါ၏။
ဇေဒကိမင်းကြီးကလည်း ယေရမိအား “ခါလဒဲလူမျိုးတို့ဘက်သို့ရောက်သွားသော ဂျူးလူမျိုးတို့ကို ငါကြောက်၏။ ငါ့ကို သူတို့လက်သို့အပ်ကြ၍ ငါသည် အညှဉ်းဆဲခံရလိမ့်မည်”ဟု မိန့်ဆို၏။
သို့ဖြစ်၍ ဆရာမည်သို့ထင်မြင်ကြောင်း အကျွန်ုပ်တို့အား ပြောပြပါ။ ဆီဇာဧကရာဇ်ကို အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော”ဟု မေးလျှောက်စေကြ၏။