ရှင်ယောဟန် 16:1 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့စိတ်မပျက်စေရန် ဤအရာများကို သင်တို့အား ငါပြောထား၏။ Common Language Bible ``သင်တို့၏ယုံကြည်ခြင်းမပျက်ပြားစေရန် ဤအမှုအရာများကိုငါကြိုတင်ဖော်ပြ ခဲ့ပြီ။- Garrad Bible သင်တို့မတိုက်လဲကြစေရန် ဤသို့ငါဟောခဲ့ပြီ။ Judson Bible သင်တို့သည် စိတ်မပျက်စေခြင်းငှာ ဤစကားကို ငါဟောပြော၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ယုံကြည်ခြင်းကို မစွန့်လွှတ်ရန် ဤအကြောင်းအရာများကို ငါပြောပြီ။ မြန်မာ သင်တို့သည် စိတ်မပျက်စေခြင်းငှာ ဤစကားကို ငါဟောပြော၏။- |
သို့သော် သူ၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားလေ၏။
ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကြ၏။ ယေရှုကလည်း“ပရောဖက်သည် မိမိ၏နေရင်းမြို့နှင့် မိမိ၏အိမ်တို့မှတစ်ပါး မည်သည့်အရပ်၌မျှ ဂုဏ်သရေမဲ့သည်ဟူ၍မရှိ”ဟု မိန့်တော်မူ၏။
ထိုကာလ၌ များစွာသောလူတို့သည် စိတ်ပျက်ကြ၍ အချင်းချင်းအပ်နှံလျက် အချင်းချင်းမုန်းတီးကြလိမ့်မည်။
သင်တို့၌ ငါ၏ဝမ်းမြောက်ခြင်းတည်နေ၍ သင်တို့၏ဝမ်းမြောက်ခြင်းသည် ပြည့်ဝစုံလင်မည့်အကြောင်း ဤအရာများကို သင်တို့အား ငါပြော၏။
ထိုအချိန်ကာလရောက်လာသောအခါ ငါသည် ဤသို့ပြောခဲ့ကြောင်း သင်တို့သတိရစေရန် ဤအကြောင်းအရာများကို သင်တို့အား ပြောထား၏။ ငါသည် သင်တို့နှင့်အတူရှိနေသောကြောင့် ဤအကြောင်းအရာများကို အစအဦး၌ သင်တို့အား မပြောခဲ့ပေ။
အသားကိုမစား၊ စပျစ်ဝိုင်ကိုမသောက်၊ သင့်ညီအစ်ကိုအား ခလုတ်တိုက်စေသောအရာကိုလည်း မပြုဘဲနေလျှင် ကောင်း၏။
မြင့်မြတ်သည့်အရာများကို သင်တို့ပိုင်းခြားသိရှိနိုင်မည့်အကြောင်းနှင့် သင်တို့သည် ခရစ်တော်၏နေ့ရက်ကာလ၌ ဖြူစင်လျက် အပြစ်တင်စရာကင်းသောသူဖြစ်ကာ
“ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်” ဖြစ်၏။ သူတို့သည် နှုတ်ကပတ်တရားကို မယုံကြည်သောကြောင့် ခလုတ်တိုက်ကြ၏။ ထိုသို့ဖြစ်ရန် သူတို့ကို သတ်မှတ်ထားခြင်းလည်းဖြစ်၏။