ထို့ကြောင့် ငါသည် အသက်ရှင်ရခြင်းကိုမုန်း၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင်ပြုသောအမှုသည် ငါ့အတွက် ငြီးငွေ့ဖွယ်ကောင်း၏။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
ရှင်ယောဟန် 12:25 - မြန်မာ့စံမီသမ္မာကျမ်း မိမိအသက်ကိုတွယ်တာသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသောသူမူကား ထိုအသက်ကို ထာဝရအသက်အတွက် စောင့်ရှောက်လိမ့်မည်။ Common Language Bible မိမိအသက်ကိုချစ်သောသူသည်အသက် ဆုံးရှုံးလိမ့်မည်။ ဤလောကတွင်မိမိအသက် ကိုမုန်းသောသူသည် မိမိအသက်ကိုအစဉ် ထာဝရစောင့်ရှောက်ထိန်းသိမ်းလိမ့်မည်။- Garrad Bible ကိုယ့်အသက်ကို နှမြောသူသည် အသက်ရှုံးတတ်၏။ ဤလောက၌ အသက်ကိုမနှမြောသောသူမူကား ကမ္ဘာအဆက်ဆက် အသက်ကိုစောင့်ထိန်းလိမ့်မည်။ Judson Bible မိမိအသက်ကို နှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသောသူမူကား၊ ထာဝရအသက်ကို စောင့်ရှောက်လျက်နေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤလောက၌ မိမိအသက်ကို ချစ်သောသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသောသူသည် ထိုအသက်ကို ထာဝရပိုင်ဆိုင်ရလိမ့်မည်။ မြန်မာ မိမိအသက်ကို နှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသောသူမူကား၊ ထာဝရအသက်ကို စောင့်ရှောက်လျက်နေ၏။- |
ထို့ကြောင့် ငါသည် အသက်ရှင်ရခြင်းကိုမုန်း၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင်ပြုသောအမှုသည် ငါ့အတွက် ငြီးငွေ့ဖွယ်ကောင်း၏။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
မိမိအသက်ကိုတွေ့ရှိသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက် မိမိအသက်ကို အဆုံးရှုံးခံသောသူမူကား အသက်ကိုတွေ့ရှိလိမ့်မည်။
အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် မိမိအသက်ကိုဆုံးရှုံးရသောသူမူကား အသက်ကိုတွေ့ရှိလိမ့်မည်။
ငါ၏နာမကြောင့် အိမ်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ၊ အဖကိုဖြစ်စေ၊ အမိကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ မြေယာများကိုဖြစ်စေ စွန့်သောသူတိုင်းသည် အဆတစ်ရာသောအကျိုးကိုခံစားရလျက် ထာဝရအသက်ကိုအမွေဆက်ခံရလိမ့်မည်။
အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါနှင့်ကောင်းမြတ်သောသတင်းအတွက် မိမိအသက်ကို ဆုံးရှုံးရသောသူမူကား မိမိအသက်ကိုကယ်တင်လိမ့်မည်။
“တစ်စုံတစ်ဦးသည် ငါ့ထံသို့လာ၍ မိမိ၏ဖခင်၊ မိခင်၊ သားမယားနှင့် ညီအစ်ကိုမောင်နှမတို့ကိုသာမက မိမိအသက်ကိုပင် မမုန်းလျှင် ထိုသူသည် ငါ၏တပည့်မဖြစ်နိုင်။
မိမိအသက်ကိုထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးစားသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ မိမိအသက်ကို ဆုံးရှုံးရသောသူမူကား အသက်ကိုထိန်းသိမ်းစောင့်ရှောက်လိမ့်မည်။
သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
ထိုအခါ ပေါလုက “သင်တို့သည် ငိုကြွေးလျက်၊ ငါ၏စိတ်နှလုံးကိုကြေကွဲစေလျက် မည်သည့်အရာကို ပြုကြသနည်း။ ငါသည် သခင်ယေရှု၏နာမတော်အတွက် ဂျေရုဆလင်မြို့၌ ချည်နှောင်ခြင်းခံရရန်သာမက အသေခံရန်ပင် အသင့်ရှိသည်”ဟု ပြန်ပြော၏။
မိန်းမတို့သည်လည်း သေသောသူတို့ထဲမှရှင်ပြန်ထမြောက်စေခြင်းခံရသည့် မိမိတို့နှင့်ဆိုင်သောသူတို့ကို ပြန်လည်ရရှိကြ၏။ လူအချို့တို့သည်လည်း သာ၍မြတ်သောရှင်ပြန်ထမြောက်ခြင်းကိုရရှိရန် လွတ်မြောက်ခြင်းကိုမခံယူဘဲ ပြင်းထန်သောနှိပ်စက်ခြင်းကိုခံယူကြ၏။
ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။