ယေရှုသည် မြည်းငယ်ကိုတွေ့၍ စီးတော်မူ၏။
ကျမ်းစာတော်တွင်၊ ``အို ဇိအုန်မြို့၊မကြောက်နှင့်၊ကြည့်လော့၊ သင်၏ရှင်ဘုရင်သည်မြည်းကလေးကိုစီးလျက် ကြွလာလေပြီ'' ဟုပါရှိသည်နှင့်အညီသခင်ယေရှုသည် မြည်းတစ်ကောင်ကိုတွေ့၍ထိုမြည်းကိုစီး တော်မူ၏။
အိုသတို့သမီးဇိအုန်၊ မကြောက်နှင့်။ သင်၏ဘုရင်မင်းသည် မြည်းငယ်ကိုစီးကြွတော်မူသည်တကား ဟူသောကျမ်းချက်ရှိသည်နှင့်အညီ ယေရှုသည် မြည်းငယ်တစ်ကောင်ကိုတွေ့၍ စီးတော်မူ၏။
ကျမ်းစာ၌လာသည်ကား၊-
ယေရှုသည် မြည်းကလေးတစ်ကောင်ကို တွေ့၍ စီးတော်မူ၏။ ဤအရာသည် ပရောဖက်၏ဟောပြောချက်ကို ပြည့်စုံစေလေ၏။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
စွန်ပလွံခက်များကိုကိုင်ဆောင်လျက် ကိုယ်တော်ကိုကြိုဆိုရန် ထွက်သွားကြ၍ “ဟောရှဏ္ဏ၊ ထာဝရဘုရား၏နာမတော်အားဖြင့် ကြွလာတော်မူသောအရှင်၊ အစ္စရေးဘုရင်သည် မင်္ဂလာရှိစေသတည်း”ဟု ကြွေးကြော်ကြ၏။
ဤသည်ကား “ဇိအုန်သမီး၊ မကြောက်နှင့်။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏”ဟု ရေးထားသည့်အတိုင်းဖြစ်၏။