အကျွန်ုပ်စိတ်နှလုံးက “ငါ၏မျက်နှာကိုရှာကြလော့”ဟု ကိုယ်တော်ကိုယ်စားဆိုသောအခါ အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်ရှာပါမည်။
ရှင်ယောဟန် 11:29 - မြန်မာ့စံမီသမ္မာကျမ်း မာရိသည် ထိုစကားကိုကြားသောအခါ အလျင်အမြန်ထ၍ ကိုယ်တော်ထံသို့သွားလေ၏။ Common Language Bible ထိုစကားကိုကြားလျှင်မာရိသည်အလျင် အမြန်ထ၍အထံတော်သို့သွားလေ၏။- Garrad Bible ထိုစကားကို မာရိကြားသော် အလျင်အမြန်ထ၍၊ Judson Bible မာရိသည် ထိုစကားကိုကြားလျှင် အလျင်တဆောထ၍ အထံတော်သို့ သွားလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစကားကို ကြားသောအခါ မာရိသည် အလျင်အမြန်ထ၍ ကိုယ်တော်ထံသို့ သွားလေ၏။ မြန်မာ မာရိသည် ထိုစကားကိုကြားလျှင် အလျင်တဆောထ၍ အထံတော်သို့ သွားလေ၏။- |
အကျွန်ုပ်စိတ်နှလုံးက “ငါ၏မျက်နှာကိုရှာကြလော့”ဟု ကိုယ်တော်ကိုယ်စားဆိုသောအခါ အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်ရှာပါမည်။
လူသည် မိမိနှုတ်၏တုံ့ပြန်စကားအားဖြင့် ဝမ်းမြောက်ခြင်းကိုခံစားရ၏။ သင့်လျော်သောအချိန်၌ ပြောဆိုသောစကားသည်လည်း ကောင်းမြတ်လှပေ၏။
ထိုသို့လျှောက်ထားပြီးနောက် မာသသည် ပြန်သွား၍ မိမိ၏ညီမ မာရိကိုခေါ်လျက် “ဆရာရောက်လာပြီး သင့်ကိုခေါ်နေသည်”ဟု တိတ်တဆိတ်ပြောလေ၏။
ယေရှုမူကား ရွာထဲသို့မဝင်သေးဘဲ သူ့အား မာသဆီးကြိုခဲ့သောအရပ်၌ပင် ရှိတော်မူ၏။