ထိုအခါ ပေတရုက “ရဗ္ဗိ၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်တို့ဆောက်ပါရစေ”ဟု ယေရှုအားလျှောက်ထားလေ၏။
ရှင်မာကု 9:6 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အလွန်ကြောက်ရွံ့ကြသဖြင့် ပေတရုသည် မည်သို့လျှောက်ရမည်ကိုမသိသောကြောင့် ထိုသို့လျှောက်ထားခြင်းဖြစ်၏။ Common Language Bible တပည့်တော်တို့သည်လွန်မင်းစွာကြောက်လန့်လျက် ရှိကြသဖြင့် ပေတရုသည်မည်သို့လျှောက်ထားရ မည်ကိုမသိ၍ယင်းသို့လျှောက်ထားလိုက်သတည်း။ Judson Bible တပည့်တော်တို့သည် အလွန်ကြောက်သောကြောင့် ပေတရုသည် ယောင်ယမ်း၍ ထိုသို့လျှောက်သတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်တို့သည် အလွန်ကြောက်လန့်ကြသောကြောင့် ပေတရုသည်လည်း မည်သို့လျှောက်ရမည်ကို မသိဘဲ ထိုသို့လျှောက်ဆိုမိခြင်းဖြစ်၏။ မြန်မာ တပည့်တော်တို့သည် အလွန်ကြောက်သောကြောင့် ပေတရုသည် ယောင်ယမ်း၍ ထိုသို့လျှောက်သတည်း။- |
ထိုအခါ ပေတရုက “ရဗ္ဗိ၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်တို့ဆောက်ပါရစေ”ဟု ယေရှုအားလျှောက်ထားလေ၏။
ထိုအခါ မိုးတိမ်သည်ပေါ်လာ၍ သူတို့ကိုဖုံးလွှမ်းပြီးလျှင် “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့စကားကိုနားထောင်ကြလော့”ဟု မိုးတိမ်ထဲမှ အသံတော်ထွက်ပေါ်လာ၏။
ထိုသူနှစ်ဦးတို့သည် ကိုယ်တော်ထံမှ ထွက်ခွာသွားကြစဉ် ပေတရုက “သခင်၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်တို့ဆောက်ပါရစေ”ဟု မိမိမည်သည့်အရာပြောဆိုနေသည်ကိုမသိဘဲ ယေရှုအား လျှောက်ထားလေ၏။
ငါသည် ထိုသူကိုမြင်ရသောအခါ သူ၏ခြေရင်း၌လဲကျ၍ လူသေကဲ့သို့ဖြစ်၏။ ထိုအခါ သူသည် ငါ့အပေါ်၌ သူ၏လက်ယာလက်ကိုတင်လျက်“မကြောက်နှင့်။ ငါသည် အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။