ထိုယဇ်ကောင်တို့ကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်လာ၍ ယဇ်ပုရောဟိတ်တို့က ထိုယဇ်ကောင်များအပေါ် ဆားဖြူးပြီးလျှင် ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။
ရှင်မာကု 9:49 - မြန်မာ့စံမီသမ္မာကျမ်း လူတိုင်းသည် မီးဖြင့် ဆားခတ်ခြင်းကိုခံရလိမ့်မည်။ Common Language Bible ``ယဇ်ကောင်ကိုဆားခပ်၍သန့်စင်စေသကဲ့သို့ မီးသည်လူခပ်သိမ်းတို့ကိုသန့်စင်စေလိမ့်မည်။- Garrad Bible အ သို့ ဆို သော် လူ တိုင်း ပင် ဆား သ ဖွယ် မီး ခတ် ခြင်း ကို ခံ ရ မည်။ Judson Bible ယဇ်ကောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မီးဆားခတ်ခြင်းကို ခံရကြမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူအပေါင်းတို့သည် ဆားခတ်၍ မီးဖြင့် စစ်ဆေးခြင်းကို ခံရလိမ့်မည်။ မြန်မာ ယဇ်ကောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မီးဆားခတ်ခြင်းကို ခံရကြမည်။- |
ထိုယဇ်ကောင်တို့ကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်လာ၍ ယဇ်ပုရောဟိတ်တို့က ထိုယဇ်ကောင်များအပေါ် ဆားဖြူးပြီးလျှင် ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။
ဘောဇဉ်ပူဇော်သက္ကာပြုလေတိုင်း ဆားခတ်ရမည်။ ထိုဘောဇဉ်ပူဇော်သက္ကာထဲ၌ ဘုရားသခင်၏ပဋိညာဉ်ဆားကို ခတ်ရန်မမေ့နှင့်။ သင်ပူဇော်သက္ကာပြုလေတိုင်း ဆားခတ်ရမည်။
သင်တို့သည် ကမ္ဘာမြေ၏ဆားဖြစ်ကြ၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်ကဲ့သို့ပြန်၍ငန်စေမည်နည်း။ မည်သည့်အရာအတွက်မျှ အသုံးမဝင်တော့သဖြင့် အပြင်သို့ပစ်လိုက်၍ လူတို့၏နင်းချေခြင်းခံရရုံသာရှိပေတော့မည်။
ဆားသည်ကောင်း၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်သည့်အရာဖြင့် အရသာပြန်ရှိစေမည်နည်း။ သင်တို့သည် မိမိကိုယ်တိုင်၌ ဆားရှိစေ၍ အချင်းချင်းသင့်မြတ်စွာနေကြလော့”ဟု မိန့်တော်မူ၏။