မာနထောင်လွှားခြင်းသည် ခိုက်ရန်ကိုသာဖြစ်ပွားစေတတ်၏။ အကြံပေးခြင်းကိုလက်ခံသောသူ၌ကား ဉာဏ်ပညာရှိ၏။
ရှင်မာကု 9:35 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်သည်ထိုင်လျက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်ပြီးလျှင်“မည်သူမဆို ပထမဦးဆုံးဖြစ်လိုလျှင် အားလုံးတွင် နောက်ဆုံးဖြစ်ပြီး အားလုံး၏အစေခံဖြစ်ရမည်”ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်သည်ထိုင်တော်မူပြီးလျှင်တစ်ကျိပ်နှစ် ပါးတို့ကိုခေါ်တော်မူ၍ ``အမြင့်ဆုံးသို့ရောက် လိုသူသည်အနိမ့်ဆုံးမှာနေရမည်။ လူခပ်သိမ်း တို့၏အစေခံလည်းဖြစ်ရမည်'' ဟုမိန့်တော်မူ၏။- Garrad Bible ထို အ ခါ ကိုယ် တော် သည် ထိုင်၍ တစ် ဆယ့် နှစ် ပါး တို့ ကို ခေါ် တော် မူ ပြီး လျှင် မည် သူ မ ဆို အ ဦး ဆုံး ကျ လို လျှင် အား လုံး တွင် နောက် ဆုံး ကျ ၍ အ လုံး စုံ တို့ အ စေ ကို ခံ စေ ဟု မိန့် တော် မူ ၏။ Judson Bible ထိုအခါ ကိုယ်တော်သည် ထိုင်လျက် တစ်ကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူ၍၊ အရင်အဦးဖြစ်လိုသောသူ မည်သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏ အစေခံလည်း ဖြစ်ရမည်ဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုင်လျက် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ “အကြီးမြတ်ဆုံးဖြစ်လိုသောသူသည် အသေးနုပ်ဆုံးဖြစ်၍ လူအပေါင်းတို့၏ အစေခံဖြစ်ရမည်” ဟု မိန့်တော်မူ၏။ မြန်မာ ထိုအခါ ကိုယ်တော်သည် ထိုင်လျက် တစ်ကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူ၍၊ အရင်အဦးဖြစ်လိုသောသူ မည်သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏ အစေခံလည်း ဖြစ်ရမည်ဟု မိန့်တော်မူ၏။- |
မာနထောင်လွှားခြင်းသည် ခိုက်ရန်ကိုသာဖြစ်ပွားစေတတ်၏။ အကြံပေးခြင်းကိုလက်ခံသောသူ၌ကား ဉာဏ်ပညာရှိ၏။
ထာဝရဘုရားက ‘ကြီးမြတ်သောအရာကို သင်ရှာနေသလော။ မရှာပါနှင့်။ ကြည့်ရှုလော့။ ငါသည် လူအပေါင်းတို့ကို ဘေးအန္တရာယ်သင့်စေမည်။ သင့်ကိုကား သင်ရောက်လေရာရာအရပ်တို့၌ တိုက်ယူပစ္စည်းကဲ့သို့ သင့်အသက်ကို ငါပေးမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆိုလေ၏။
ထို့နောက် ကိုယ်တော်သည် သူငယ်တစ်ယောက်ကိုခေါ်၍ သူတို့အလယ်၌ရပ်စေပြီးလျှင် သူ့ကိုပွေ့ချီကာ
သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် အကြီးမြတ်ဆုံးဖြစ်သောသူသည် အငယ်ဆုံးသောသူကဲ့သို့ဖြစ်ရမည်။ ဦးဆောင်သောသူသည် လုပ်ကျွေးပြုစုသောသူကဲ့သို့ဖြစ်ရမည်။
သို့သော် ကိုယ်တော်သည် ပို၍ကြီးမြတ်သောကျေးဇူးတော်ကိုပေးတော်မူ၏။ သို့ဖြစ်၍ “ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။