ထိုအခါ ယေရှုက“မည်သူ့ကိုမျှမပြောရန် သတိပြုလော့။ ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌သက်သေဖြစ်စေရန် မောရှေပညတ်ခဲ့သည့်အတိုင်း ပူဇော်သက္ကာကို ဆက်သလော့”ဟု ထိုသူအား မိန့်တော်မူ၏။
ရှင်မာကု 7:36 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဤအကြောင်းကို မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။ သို့သော် သူတို့ကို ထိုသို့မိန့်မှာတော်မူလေ သူတို့သည် ပို၍ပြောလေဖြစ်၏။ Common Language Bible ကိုယ်တော်သည်ထိုအဖြစ်အပျက်အကြောင်း ကို မည်သူအားမျှမပြောကြရန်လူတို့အား တားမြစ်တော်မူ၏။ သို့သော်လည်းကိုယ်တော် တားမြစ်တော်မူလေ၊ သူတို့သည်ထိုသတင်း ကိုကြေညာလေဖြစ်၏။- Garrad Bible ထို အ ကြောင်း ကို မည် သူ့ အား မျှ မ ကြား မ ပြော စေ ရန် မြစ် တား တော် မူ သော် လည်း၊ မြစ် တား တော် မူ သည် နှင့် အ မျှ များ စွာ တိုး တက် ကြော် ငြာ ကြ၏။ Judson Bible ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစေခြင်းငှာ သူတို့ကို ပညတ်တော်မူ၏။ ပညတ်တော်မူသော်လည်း သူတို့သည် သာ၍ အလွန်သတင်း ကြားပြောကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအကြောင်းကို မည်သူ့ကိုမျှ မပြောရန် ကိုယ်တော်သည် လူတို့ကို မှာကြားတော်မူ၏။ သို့သော်လည်း ထိုသို့ မှာကြားတော်မူလေ၊ သူတို့သည် သတင်းတော်ကို ပြောကြလေဖြစ်၏။ မြန်မာ ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစေခြင်းငှာ သူတို့ကို ပညတ်တော်မူ၏။ ပညတ်တော်မူသော်လည်း သူတို့သည် သာ၍ အလွန်သတင်း ကြားပြောကြ၏။- |
ထိုအခါ ယေရှုက“မည်သူ့ကိုမျှမပြောရန် သတိပြုလော့။ ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌သက်သေဖြစ်စေရန် မောရှေပညတ်ခဲ့သည့်အတိုင်း ပူဇော်သက္ကာကို ဆက်သလော့”ဟု ထိုသူအား မိန့်တော်မူ၏။
ကိုယ်တော်ကလည်း မိမိအကြောင်းကို သိသာထင်ရှားအောင်မပြုရန် ထိုနတ်ဆိုးတို့ကို တင်းကျပ်စွာသတိပေးတော်မူ၏။
ကိုယ်တော်ကလည်း မည်သူမျှ ဤအကြောင်းကိုမသိစေရန် သူတို့အား တင်းကျပ်စွာမိန့်မှာတော်မူပြီးလျှင် သူ့အားစားစရာပေးရန် မိန့်တော်မူ၏။
ထိုခဏချင်းတွင် သူ၏နားသည်ပွင့်၍ သူ၏လျှာကြောပြေလျော့ကာ သူသည် ပီသစွာစကားပြောလေ၏။
လူတို့သည် အတိုင်းထက်အလွန်အံ့အားသင့်လျက် “ကိုယ်တော်သည် အလုံးစုံတို့ကို လျောက်ပတ်စွာပြုတော်မူပြီ။ နားမကြားသောသူကို ကြားစေတော်မူ၍ ဆွံ့အသောသူကိုစကားပြောစေတော်မူ၏”ဟု ပြောဆိုကြ၏။
ကိုယ်တော်ကလည်း“ရွာထဲသို့မဝင်နှင့်”ဟု မိန့်တော်မူပြီး သူ့ကို မိမိအိမ်သို့ ပြန်လွှတ်တော်မူ၏။
ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ကိုယ်တော်က သူတို့တွေ့မြင်ခဲ့ရသောအရာများကို လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။