ကိုယ်တော်ကလည်း“ဤစကားကြောင့် သင်ပြန်လော့။ နတ်ဆိုးသည် သင့်သမီးထဲမှ ထွက်သွားလေပြီ”ဟု မိန့်တော်မူ၏။
ရှင်မာကု 7:30 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထိုအမျိုးသမီးသည် မိမိအိမ်သို့ပြန်သွားရာ သမီးသည် ခုတင်ပေါ်၌လဲလျောင်းနေ၍ နတ်ဆိုးသည် ထွက်သွားပြီဖြစ်ကြောင်း တွေ့ရလေ၏။ Common Language Bible ထိုအမျိုးသမီးသည်မိမိအိမ်သို့ပြန်ရောက်သော် နတ်မိစ္ဆာထွက်သွားသဖြင့် အိပ်ရာထဲမှာငြိမ်သက် စွာလဲလျောင်းနေသောမိမိ၏သမီးငယ်ကိုတွေ့ ရ၏။ Garrad Bible ထို မိန်း မ သည် အိမ် သို့ ပြန် သော် နတ် ထွက် ခွာ လျက် အိပ် ယာ ပေါ် တွင် သူ ငယ် မ အိပ် နေ သည် ကို တွေ့ မြင် လေ ၏။ Judson Bible ထိုမိန်းမသည် မိမိအိမ်သို့ပြန်၍ နတ်ဆိုး ထွက်သွားသည်ကိုလည်းကောင်း၊ သမီးသည် အိပ်ရာ၌ အိပ်လျက်ရှိသည်ကိုလည်းကောင်း တွေ့၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအမျိုးသမီးသည် အိမ်သို့ရောက်သော် နတ်ဆိုးသည် ထွက်သွား၍ သမီးဖြစ်သူမှာလည်း အိပ်ရာ၌ လဲလျောင်းလျက်ရှိသည်ကို တွေ့ရလေ၏။ မြန်မာ ထိုမိန်းမသည် မိမိအိမ်သို့ပြန်၍ နတ်ဆိုး ထွက်သွားသည်ကိုလည်းကောင်း၊ သမီးသည် အိပ်ရာ၌ အိပ်လျက်ရှိသည်ကိုလည်းကောင်း တွေ့၏။ |
ကိုယ်တော်ကလည်း“ဤစကားကြောင့် သင်ပြန်လော့။ နတ်ဆိုးသည် သင့်သမီးထဲမှ ထွက်သွားလေပြီ”ဟု မိန့်တော်မူ၏။
ထို့နောက် ကိုယ်တော်သည် တိုင်ရာမြို့နှင့်ဆိုင်သောအရပ်ဒေသမှ တစ်ဖန်ထွက်ခွာလျက် ဆီဒုန်မြို့ကိုဖြတ်ကာ ဒေကာပေါလိနယ်နှင့်ဆိုင်သောအရပ်ဒေသအလယ်ပိုင်းမှတစ်ဆင့် ဂါလိလဲပင်လယ်သို့ကြွတော်မူ၏။
အပြစ်ကိုပြုနေသောသူသည် မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်၏။ အကြောင်းမူကား မာရ်နတ်သည် အစအဦးကပင် အပြစ်ပြုလျက်ရှိ၏။ ဘုရားသခင်၏သားတော်ပေါ်ထွန်းတော်မူခဲ့သည်မှာ မာရ်နတ်၏လုပ်ဆောင်မှုတို့ကို ပယ်ဖျက်ရန်အတွက်ဖြစ်၏။