ယေရှုသည် ထိုသတင်းကိုကြားသောအခါ ထိုအရပ်မှ လူသူကင်းဝေးရာအရပ်သို့ လှေဖြင့် တစ်ကိုယ်တည်းကြွတော်မူ၏။ သို့သော် လူထုပရိသတ်များသည် ကြားသိလျှင် မြို့ရွာများမှထွက်၍ နောက်တော်သို့ ကုန်းကြောင်းဖြင့်လိုက်ကြ၏။
ရှင်မာကု 6:35 - မြန်မာ့စံမီသမ္မာကျမ်း အချိန်နောက်ကျနေပြီဖြစ်၍ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လျက် “ဤနေရာသည် လူသူကင်းဝေးရာအရပ်ဖြစ်ပြီး အချိန်လည်းနောက်ကျနေပါပြီ။ Common Language Bible မိုးချုပ်စပြုသောအခါတပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ ``ဤအရပ်သည်လူ သူမရှိသည့်အရပ်ဖြစ်ပါ၏။ အချိန်လည်းနှောင်း ပါပြီ။- Garrad Bible အ ချိန် ကုန် လွန် သော် တ ပည့် တော် တို့ သည် ချဉ်း ကပ်၍ ဤ အ ရပ် မှာ တော ဖြစ် ပါ သည်။ အ ချိန် လည်း ကုန် လွန် ပါ ပြီ။ Judson Bible မိုးချုပ်သောအခါ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်း ချုပ်ပါပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညနေခင်းရောက်သောအခါ တပည့်တော်တို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးသောအရပ်ဖြစ်ပြီး မိုးလည်းချုပ်ပါတော့မည်။ မြန်မာ မိုးချုပ်သောအခါ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်း ချုပ်ပါပြီ။- |
ယေရှုသည် ထိုသတင်းကိုကြားသောအခါ ထိုအရပ်မှ လူသူကင်းဝေးရာအရပ်သို့ လှေဖြင့် တစ်ကိုယ်တည်းကြွတော်မူ၏။ သို့သော် လူထုပရိသတ်များသည် ကြားသိလျှင် မြို့ရွာများမှထွက်၍ နောက်တော်သို့ ကုန်းကြောင်းဖြင့်လိုက်ကြ၏။
ကိုယ်တော်သည်လှေပေါ်မှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ဖြစ်ကြသောကြောင့် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ များစွာသောအရာတို့ကိုသွန်သင်တော်မူ၏။
လူတို့သည် ဝန်းကျင်ရှိကျေးလက်တောရွာများသို့သွား၍ မိမိတို့အတွက် စားစရာများဝယ်ယူနိုင်ရန် သူတို့ကိုပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။