ဖခင်က ယာကုပ်အား ပေးသောကောင်းချီးမင်္ဂလာကြောင့် ဧသောသည် ယာကုပ်ကိုအငြိုးထား၏။ ဧသောက “ငါ့ဖခင်သေဆုံးမည့်နေ့ရက်နီးပြီ။ ထိုအခါ ငါသည် ငါ့ညီယာကုပ်ကိုသတ်မည်”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
ရှင်မာကု 6:21 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အခွင့်ကောင်းရောက်လာလေ၏။ ဟေရုဒ်သည် မိမိ၏မွေးနေ့၌ မှူးကြီးမတ်ရာများ၊ တပ်မှူးကြီးများနှင့် ဂါလိလဲနယ်၏ခေါင်းဆောင်များအတွက် ညစာစားပွဲကျင်းပသောအခါ Common Language Bible ဟေရုဒ်၏မွေးနေ့၌ဟေရောဒိအတွက် အခါ အခွင့်သာလာ၏။ ထိုနေ့၌ဟေရုဒ်သည်ဂါလိလဲ ပြည်မှခေါင်းဆောင်ကြီးများ၊ တပ်မတော်အရာရှိ ကြီးများ၊ ဂုဏ်အသရေရှိလူကြီးလူကောင်းများ ကိုဖိတ်ကြားလျက်ညစာစားပွဲတစ်ရပ်တည်ခင်း ကျွေးမွေး၏။- Garrad Bible သို့ ရာ တွင် ဟေ ရုဒ် မင်း ဖွား နေ့ ကျ ရောက်၍ အ ရာ ရှိ များ၊ ဗိုလ် မှူး များ ဂါ လိ လဲ လူ ကြီး များ တို့ အ ဖို့ စား သောက် ပွဲ ကျင်း ပ ရာ အ ဆင် သင့် သော နေ့ တွင်၊ Judson Bible ထိုနောက်မှ အဆင်သင့်သောအခါ ဟေရုဒ်ကို ဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ မှူးမတ်၊ စစ်သူကြီး၊ ဂါလိလဲပြည်၌ အကြီးအကဲဖြစ်သောသူတို့ကို ကျွေးတော်မူစဉ်တွင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း နောက်ဆုံးတွင် ဟေရုဒ်မင်း၏မွေးနေ့ပွဲ၌ ဟေရောဒိအတွက် အခွင့်အရေးကြုံလာ၏။ ဟေရုဒ်မင်းသည် မှူးကြီးမတ်ကြီးများ၊ စစ်တပ်အရာရှိများနှင့် ဂါလိလဲပြည်၏ ခေါင်းဆောင်များကို ကျွေးမွေးဧည့်ခံလေ၏။ မြန်မာ ထိုနောက်မှ အဆင်သင့်သောအခါ ဟေရုဒ်ကို ဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ မှူးမတ်၊ စစ်သူကြီး၊ ဂါလိလဲပြည်၌ အကြီးအကဲဖြစ်သောသူတို့ကို ကျွေးတော်မူစဉ်တွင်၊- |
ဖခင်က ယာကုပ်အား ပေးသောကောင်းချီးမင်္ဂလာကြောင့် ဧသောသည် ယာကုပ်ကိုအငြိုးထား၏။ ဧသောက “ငါ့ဖခင်သေဆုံးမည့်နေ့ရက်နီးပြီ။ ထိုအခါ ငါသည် ငါ့ညီယာကုပ်ကိုသတ်မည်”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
ထို့နောက် သုံးရက်မြောက်သောနေ့တွင် ဖာရောမင်းကြီး၏မွေးနေ့ကျရောက်သဖြင့် မိမိ၏အမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲပြုလုပ်လေ၏။ မိမိ၏အမှုထမ်းတို့ရှေ့၌ ဖလားတော်ဝန်ကိုချီးမြှင့်၍ စားတော်ဝန်ကိုကား ခေါင်းနှင့်ကိုယ်တခြားစီဖြစ်စေလေ၏။
ထို့နောက် ရှင်ဘုရင်သည် မှူးမတ်နှင့်မင်းမှုထမ်း အပေါင်းတို့ပါသော စားသောက်ပွဲကြီးကို ကျင်းပ၏။ ဤပွဲသည် ဧသတာအတွက်ကျင်းပသောပွဲဖြစ်၏။ မိမိပိုင်နက်တစ်ဝန်းလုံးတွင် ထိုနေ့ကို အားလပ်ရက်အဖြစ်သတ်မှတ်၍ တော်ဝင်လက်ဆောင်များကိုလည်း ရက်ရက်ရောရောပေးကမ်းလေ၏။
ထို့ကြောင့် အာရွှေရုမင်းကြီးနန်းစံတစ်ဆယ့်နှစ်နှစ်၊ နိသန်ဟုခေါ်သောပထမလတွင် ဟာမန်ရှေ့၌ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ ပုရမဲကိုချရာ အာဒါဟုခေါ်သောတစ်ဆယ့်နှစ်လတွင် မဲကျ၏။
ဘုရင်ပွဲခံသောနေ့မျိုးတွင် မှူးမတ်တို့သည် စပျစ်ဝိုင်သောက်၍ ယစ်မူးကြကုန်၏။ ဘုရင်သည်လည်း လှောင်ပြောင်ရယ်မောသောသူတို့နှင့်အတူ ပျော်ပါးနေ၏။
တိဗေရိဆီဇာနန်းစံတစ်ဆယ့်ငါးနှစ်မြောက်တွင် ပုန္တိပိလတ်သည် ယုဒနယ်၏ဘုရင်ခံ၊ ဟေရုဒ်သည် ဂါလိလဲနယ်၏နယ်စား၊ ဟေရုဒ်၏အစ်ကိုဖိလိပ္ပုသည် ဣတုရဲနယ်နှင့်တရာခေါနိတ်နယ်တို့၏နယ်စား၊ လုသာနိသည် အဘိလင်နယ်၏နယ်စား၊
နောက်တစ်နေ့တွင် အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ်တို့သည် ခမ်းနားကြီးကျယ်သောအဆောင်အယောင်ဖြင့် တပ်မှူးကြီးများ၊ ထိုမြို့၏အရေးပါပုဂ္ဂိုလ်များနှင့်အတူကြွလာ၍ ညီလာခံခန်းမထဲသို့ဝင်ကြ၏။ ထိုအခါ ဖေတ္တုမင်းသည် အမိန့်ပေးသဖြင့် ပေါလုကိုခေါ်ထုတ်လာကြ၏။
အကြောင်းမူကား လူမျိုးခြားတို့၏ဆန္ဒအတိုင်းပြုလျက် ကာမဂုဏ်လိုက်စားခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ အပျော်ကြူးခြင်း၊ သောက်စားမြူးထူးခြင်းနှင့် ပညတ်တရားကတားမြစ်ထားသော ရုပ်တုကိုးကွယ်ခြင်းတို့တွင် ကျင်လည်ခဲ့သည့် လွန်ခဲ့သောအချိန်သည် သင်တို့အတွက် တော်လောက်ပေ၏။
ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့သည် ထိုသူတို့၏အဖြစ်ကြောင့် ဝမ်းမြောက်လျက်ပျော်ရွှင်ကြကာ တစ်ဦးကိုတစ်ဦး လက်ဆောင်များပေးပို့ကြလိမ့်မည်။ အကြောင်းမူကား ထိုပရောဖက်နှစ်ဦးတို့သည် ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့ကို ညှဉ်းဆဲခဲ့ကြ၏။