ဂျေရုဆလင်မြို့မှဆင်းလာသော ကျမ်းပြုဆရာတို့ကလည်း “သူ့ကို ဗေလဇေဗုလနတ်ပူးနေသည်”ဟူ၍လည်းကောင်း၊ “သူသည် နတ်ဆိုးတို့၏အကြီးအကဲကိုအမှီပြုလျက် နတ်ဆိုးတို့ကိုနှင်ထုတ်သည်”ဟူ၍လည်းကောင်း ပြောဆိုကြ၏။
ရှင်မာကု 5:10 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မိမိတို့ကို ထိုအရပ်ဒေသမှနှင်ထုတ်တော်မမူရန် ကိုယ်တော်အား အနူးအညွတ်တောင်းပန်လေ၏။ Common Language Bible မိမိတို့အားထိုဒေသမှနှင်ထုတ်တော်မမူရန် အတန်တန်တောင်းပန်လေ၏။ Garrad Bible ထို ပြည် မှ သူ တို့ ကို နှင် ထုတ် တော် မ မူ စေ ရန် များ စွာ တောင်း ပန် ၏။ Judson Bible ထိုပြည်ထဲက အခြားသို့ မနှင်ပါမည်အကြောင်း များစွာတောင်းပန်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် နတ်ဆိုးက မိမိတို့ကို ထိုဒေသမှ နှင်ထုတ်တော်မမူရန် အနူးအညွှတ်တောင်းပန်လေ၏။ မြန်မာ ထိုပြည်ထဲက အခြားသို့ မနှင်ပါမည်အကြောင်း များစွာတောင်းပန်လေ၏။ |
ဂျေရုဆလင်မြို့မှဆင်းလာသော ကျမ်းပြုဆရာတို့ကလည်း “သူ့ကို ဗေလဇေဗုလနတ်ပူးနေသည်”ဟူ၍လည်းကောင်း၊ “သူသည် နတ်ဆိုးတို့၏အကြီးအကဲကိုအမှီပြုလျက် နတ်ဆိုးတို့ကိုနှင်ထုတ်သည်”ဟူ၍လည်းကောင်း ပြောဆိုကြ၏။
ကိုယ်တော်သည်လည်း ခွင့်ပြုတော်မူသဖြင့် ညစ်ညူးသောနတ်တို့သည်ထွက်သွား၍ ဝက်များထဲသို့ဝင်ကြရာ နှစ်ထောင်ခန့်ရှိသောဝက်အုပ်သည် တောင်ကမ်းပါးအတိုင်း ပင်လယ်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ပင်လယ်ထဲ၌ ရေနစ်သေဆုံးကြကုန်၏။
တစ်ဖန် ကိုယ်တော်က“သင့်နာမည် မည်သို့ခေါ်သနည်း”ဟု မေးတော်မူရာ ထိုသူက “အကျွန်ုပ်၏နာမည်မှာ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် များစွာရှိကြသောကြောင့်ဖြစ်၏”ဟု လျှောက်လေ၏။