ကျိုးခါနီးကျူပင်ကို မချိုး။ ငြိမ်းခါနီးမီးစာကို မငြှိမ်းသတ်။ တရားမျှတခြင်းအကြောင်းကို သစ္စာရှိစွာ ထုတ်ဖော်မည်။
ရှင်မာကု 4:40 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်က“အဘယ်ကြောင့် ကြောက်တတ်သနည်း။ ယခုထိ ယုံကြည်ခြင်းမရှိကြသေးသလော”ဟု သူတို့အား မိန့်တော်မူ၏။ Common Language Bible ထိုနောက်ကိုယ်တော်ကတပည့်တော်တို့အား ``အဘယ်ကြောင့်ဤမျှကြောက်လန့်ကြသနည်း။ ယခုတိုင်အောင်ပင်သင်တို့သည် ငါ့အပေါ်၌ ယုံကြည်ကိုးစားမှုကင်းလျက်ရှိနေကြသေး သနည်း'' ဟုမေးတော်မူ၏။ Garrad Bible ကိုယ် တော် က လည်း အ ဘယ် ကြောင့် ကြောက် သ နည်း။ ယုံ ကြည် ခြင်း ကင်း ကြ သေး သ လော ဟု မေး တော် မူ ရာ၊ Judson Bible ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက် ကြောက်တတ်သနည်း။ အဘယ်ကြောင့် ယုံကြည်ခြင်းစိတ်နှင့် ကင်းသနည်းဟု မေးတော်မူလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက တပည့်တော်တို့အား “သင်တို့သည် အဘယ်ကြောင့် ကြောက်လန့်ကြသနည်း။ ယုံကြည်ခြင်း မရှိကြသေးသလော” ဟု မေးတော်မူ၏။ မြန်မာ ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက် ကြောက်တတ်သနည်း။ အဘယ်ကြောင့် ယုံကြည်ခြင်းစိတ်နှင့် ကင်းသနည်းဟု မေးတော်မူလျှင်၊- |
ကျိုးခါနီးကျူပင်ကို မချိုး။ ငြိမ်းခါနီးမီးစာကို မငြှိမ်းသတ်။ တရားမျှတခြင်းအကြောင်းကို သစ္စာရှိစွာ ထုတ်ဖော်မည်။
သင်သည် ရေကိုဖြတ်ကူးသောအခါ သင်နှင့်အတူငါရှိမည်။ မြစ်ကိုဖြတ်ကူးသောအခါ သင့်ကို ရေလွှမ်းမည်မဟုတ်။ မီးထဲလျှောက်သောအခါ သင့်ကိုမီးလောင်မည်မဟုတ်။ မီးလျှံသည် သင့်ကို ဟပ်မည်မဟုတ်။
ထိုအခါ ယေရှုသည် ချက်ချင်းလက်တော်ကိုဆန့်၍ သူ့ကိုကိုင်ဆွဲကာ“ယုံကြည်ခြင်းအားနည်းသောသူ၊ အဘယ်ကြောင့် သံသယဖြစ်သနည်း”ဟု မိန့်တော်မူ၏။
ထိုသို့ပြောဆိုကြသည်ကို ယေရှုသိတော်မူလျှင်“ယုံကြည်ခြင်းအားနည်းသောသူတို့၊ သင်တို့၌မုန့်မပါကြောင်းကို အဘယ်ကြောင့် အချင်းချင်းအချေအတင်ပြောဆိုကြသနည်း။
ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့ရှင်သန်လျက်ရှိသော်လည်း မနက်ဖြန်မီးဖိုထဲသို့ပစ်ချခံရမည့် တောမြက်ပင်ကိုပင် ဘုရားသခင်သည် ဤမျှလောက်ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို ပို၍ကောင်းစွာဆင်ယင်ပေးတော်မူလိမ့်မည်မဟုတ်လော။
ထိုအခါ ကိုယ်တော်က“ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း”ဟု မိန့်တော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်တို့ကို ဆုံးမတော်မူရာ အလွန်ငြိမ်သက်သာယာသွားလေ၏။
သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်လျက် “ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့ပင်လျှင် သူ့ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။
ထို့နောက် ကိုယ်တော်က“သင်တို့၏ယုံကြည်ခြင်းအဘယ်မှာရှိသနည်း”ဟု မေးတော်မူ၏။ တပည့်တော်တို့သည်ကြောက်ရွံ့အံ့သြလျက် “ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ရေတို့ကိုပင် အမိန့်ပေးသောအခါ ၎င်းတို့သည် သူ့ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။