ထာဝရဘုရား၏နာမတော်ကို စော်ကားပြောဆိုသောသူသည် မုချအသတ်ခံရမည်။ လူထုအပေါင်းတို့သည် ထိုသူကို မုချခဲနှင့်ပေါက်သတ်ရမည်။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ နာမတော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် အသတ်ခံရမည်။
ရှင်မာကု 3:28 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါအမှန်ဆိုသည်ကား လူသားတို့သည် သူတို့၏အပြစ်များနှင့် ဘုရားသခင်ကိုစော်ကားပြောဆိုသမျှသော စကားအားလုံးအတွက် ခွင့်လွှတ်ခြင်းခံရလိမ့်မည်။ Common Language Bible ``အမှန်အကန်သင်တို့အားငါဆိုသည်ကားလူ တို့သည် မိမိတို့လွန်ကူးသောအပြစ်ရှိသမျှ အတွက်လည်းကောင်း၊ ဘုရားသခင်ကိုပြစ်မှား သောစကားဟူသမျှအတွက်လည်းကောင်း အပြစ် လွတ်ငြိမ်းနိုင်ခွင့်ရှိသည်။- Garrad Bible ၎င်း ပြင် နတ် ဆိုး ကပ် ကြောင်း ဆို ကြ သည် ကို ထောက်၍ ကိုယ် တော် က ပြစ် မှု အ မျိုး မျိုး နှင့် ပြော မိ သော ပုတ် ခတ် မှု အ မျိုး မျိုး အ တွက် လူ့ သား တို့ ပြေ လွတ် ခွင့် ရ ရှိ သော် လည်း မည် သူ မ ဆို သန့် ရှင်း သော ဝိ ညာဉ် တော် ကို ပုတ် ခတ် မိ လျှင် ကာ လ အ စဉ် ပြေ လွတ် ခွင့် မ ရ ဘဲ ထာ ဝ ရ အ ပြစ် သင့် လေ ပြီ။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ ၏။ Judson Bible ငါအမှန်ဆိုသည်ကား၊ ပြစ်မှားသောအပြစ် အမျိုးမျိုး၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုး ရှိသမျှတို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည် ရနိုင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါအမှန်ဆိုရလျှင် လူတို့သည် မိမိတို့၏ အပြစ်ရှိသမျှနှင့် ဘုရားသခင်ကို စော်ကားသောစကားများအတွက် ခွင့်လွှတ်တော်မူခြင်းခံရနိုင်၏။ မြန်မာ ငါအမှန်ဆိုသည်ကား၊ ပြစ်မှားသောအပြစ် အမျိုးမျိုး၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုး ရှိသမျှတို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည် ရနိုင်ကြ၏။- |
ထာဝရဘုရား၏နာမတော်ကို စော်ကားပြောဆိုသောသူသည် မုချအသတ်ခံရမည်။ လူထုအပေါင်းတို့သည် ထိုသူကို မုချခဲနှင့်ပေါက်သတ်ရမည်။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ နာမတော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် အသတ်ခံရမည်။
ထိုအခါ ကျမ်းပြုဆရာအချို့တို့က “ဤသူသည် ဘုရားသခင်ကိုစော်ကားပြောဆိုသည်”ဟု အချင်းချင်းပြောဆိုကြ၏။
လူ့သားအပေါ်ဆန့်ကျင်သည့်စကားကို ပြောဆိုသောသူအားလုံး ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားပြောဆိုသောသူသည် ခွင့်လွှတ်ခြင်းခံရမည်မဟုတ်။
တစ်စုံတစ်ယောက်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်မျိုးပြုနေသည့် မိမိညီအစ်ကိုကိုတွေ့လျှင် သူသည် ဆုတောင်းရမည်။ ထိုအခါ ဘုရားသခင်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်ပြုနေသည့် ထိုညီအစ်ကိုအား အသက်ကိုပေးတော်မူလိမ့်မည်။ သေခြင်းသို့ပို့ဆောင်သောအပြစ်မျိုးရှိ၏။ ထိုသို့သောအပြစ်အတွက် တောင်းလျှောက်ရမည်ဟု ငါမဆိုလို။