မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။
ရှင်မာကု 3:19 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။ Common Language Bible နောင်အခါကိုယ်တော်ကိုသစ္စာဖောက်သူယုဒ ရှကာရုတ်တို့ဖြစ်၏။ Garrad Bible ကိုယ် တော် ကို ပို့ အပ် သော ယု ဒ ဣ ရှ ကာ ရုတ် တို့ တည်း။ Judson Bible ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထားတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကို သစ္စာဖောက်သော ယုဒရှကာရုတ်တို့ ဖြစ်ကြ၏။ မြန်မာ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထားတော်မူ၏။ |
မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။
ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒသည် ရောက်လာ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများက စေလွှတ်လိုက်သည့် များစွာသောလူအစုအဝေးတို့သည်လည်း တုတ်၊ ဓားများကိုင်ဆောင်လျက် သူနှင့်အတူပါလာ၏။
အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့်
ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ကြွတော်မူရာ လူထုပရိသတ်သည် တစ်ဖန်စုဝေးလာကြသဖြင့် သူတို့သည် အစာကိုပင်မသုံးဆောင်နိုင်ကြပေ။
ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ရောက်ကြ၏။ အိမ်ထဲ၌ရှိတော်မူစဉ် ကိုယ်တော်က တပည့်တော်တို့အား“သင်တို့သည် လမ်း၌ မည်သည့်အကြောင်းအရာကို အချေအတင်ပြောဆိုလာခဲ့ကြသနည်း”ဟု မေးတော်မူ၏။
ညစာကိုစားကြစဉ် မာရ်နတ်သည် ရှိမုန်၏သား ယုဒဣရှကာရုတ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ကိုအပ်နှံရန် အကြံသွင်းပေးနှင့်ပြီဖြစ်၏။
သို့သော် သင်တို့တွင် မယုံကြည်သောသူအချို့ရှိ၏”ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည့်အကြောင်းကား မယုံကြည်သောသူတို့သည် မည်သူတို့ဖြစ်ကြသည်ကိုလည်းကောင်း၊ မိမိကိုအပ်နှံမည့်သူသည် မည်သူဖြစ်သည်ကိုလည်းကောင်း ယေရှုသည် အစအဦးကပင် သိထားတော်မူသောကြောင့်ဖြစ်၏။
ဤသည်ကား ရှိမုန်၏သား ယုဒဣရှကာရုတ်ကိုရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ သူသည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်လျက် ကိုယ်တော်ကိုအပ်နှံရန် ကြံရွယ်နေ၏။