အကျွန်ုပ်သည် လူအစုအဝေးကြီးအလယ်၌ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောပါပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် မိမိနှုတ်ကိုပိတ်၍မနေကြောင်း ကိုယ်တော်သိတော်မူပါ၏။
ရှင်မာကု 2:2 - မြန်မာ့စံမီသမ္မာကျမ်း များစွာသောလူတို့သည် စုဝေးလာကြသဖြင့် အိမ်တံခါးရှေ့၌ပင် နေရာမရှိတော့ချေ။ ကိုယ်တော်သည် သူတို့အား နှုတ်ကပတ်တရားကိုဟောပြောလျက်နေတော်မူ၏။ Common Language Bible ထို့ကြောင့်အထံတော်သို့စုရုံးလာကြသူများ လှသဖြင့် အိမ်ဥပစာမှာခြေချစရာမရှိ တော့ပေ။ ကိုယ်တော်သည်ထိုသူတို့အားတရား တော်ကိုဟောပြောလျက်နေတော်မူ၏။- Garrad Bible ကြေ ငြာ သ ဖြင့် တံ ခါး အ နီး တွင် ပင် နေ ရာ လပ် မ ရှိ အောင် လူ အ များ တို့ စု ရုံး လာ ရောက် ကြ ရာ ထို သူ တို့ အား တ ရား ဟော တော် မူ ၏။ Judson Bible တံခါးပြင်နားမှာ နေစရာမရှိနိုင်အောင် လူများတို့သည် အလျင်အမြန် စုဝေးကြသည်ဖြစ်၍ သူတို့အား တရားဟောတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် လူများစွာတို့သည် ကိုယ်တော်ရှိတော်မူသည့်အိမ်သို့ စုဝေးလာကြသဖြင့် တံခါးအပြင်ဘက်၌ပင် နေရာမရှိတော့ပေ။ ကိုယ်တော်သည် လူတို့အား တရားတော်ကို ဟောတော်မူ၏။ မြန်မာ တံခါးပြင်နားမှာ နေစရာမရှိနိုင်အောင် လူများတို့သည် အလျင်အမြန် စုဝေးကြသည်ဖြစ်၍ သူတို့အား တရားဟောတော်မူ၏။- |
အကျွန်ုပ်သည် လူအစုအဝေးကြီးအလယ်၌ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောပါပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် မိမိနှုတ်ကိုပိတ်၍မနေကြောင်း ကိုယ်တော်သိတော်မူပါ၏။
ယောဟန်အကျဉ်းချခံရပြီးနောက် ယေရှုသည် ဂါလိလဲနယ်သို့ကြွတော်မူ၍ ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို ဟောပြောလျက်
ကိုယ်တော်ကိုတွေ့လျှင် “လူအားလုံးသည် ကိုယ်တော်ကို လိုက်ရှာနေကြပါသည်”ဟု လျှောက်ကြ၏။
သို့သော် ထိုသူသည် ထွက်သွား၍ ထိုသတင်းကို အားပါးတရပြောကြားပြီး ပျံ့နှံ့စေသဖြင့် ကိုယ်တော်သည် မြို့ထဲသို့ ထင်ရှားစွာမဝင်နိုင်တော့ဘဲ မြို့ပြင်လူသူကင်းဝေးရာအရပ်၌ နေတော်မူ၏။ ထိုအခါ အရပ်ရပ်မှလူတို့သည် ကိုယ်တော်ထံသို့ရောက်လာကြ၏။
ရက်အနည်းငယ်ကြာပြီးနောက် ကိုယ်တော်သည် ကပေရနောင်မြို့ထဲသို့ တစ်ဖန်ဝင်တော်မူ၏။ အိမ်၌ ကိုယ်တော်ရှိတော်မူသည်ကိုကြား၍
ကိုယ်တော်သည် နောက်တစ်ဖန် ပင်လယ်ကမ်းနားသို့ကြွတော်မူရာ လူထုပရိသတ်အပေါင်းတို့သည် အထံတော်သို့ရောက်လာကြသဖြင့် သူတို့ကိုသွန်သင်တော်မူ၏။
ကိုယ်တော်သည်လှေပေါ်မှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ဖြစ်ကြသောကြောင့် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ များစွာသောအရာတို့ကိုသွန်သင်တော်မူ၏။
ထိုအခါ ထောင်ပေါင်းများစွာသောလူထုပရိသတ်တို့သည် စုဝေးလာကြ၍ အချင်းချင်းပင်နင်းမိမတတ်ဖြစ်ကြ၏။ ကိုယ်တော်သည် တပည့်တော်တို့အား ဦးစွာမြွက်ဆိုတော်မူသည်မှာ“ဖာရိရှဲတို့၏တဆေးဖြစ်သည့် သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။
တစ်နေ့သ၌ ကိုယ်တော်သည် သွန်သင်လျက်နေတော်မူစဉ် ဂါလိလဲနယ်နှင့် ယုဒနယ်ရှိ ကျေးရွာအပေါင်းတို့မှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသော ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့သည် ထိုင်နေကြ၏။ အနာရောဂါငြိမ်းစေရန် ထာဝရဘုရား၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။
ထို့နောက် မကြာမီ ကိုယ်တော်သည် တစ်မြို့ပြီးတစ်မြို့၊ တစ်ရွာပြီးတစ်ရွာလှည့်လည်ကာ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူ၏။ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည်လည်း ကိုယ်တော်နှင့်အတူလိုက်ကြ၏။
သတေဖန်နှင့်ဆက်စပ်၍ ဖြစ်ပေါ်လာသည့်နှိပ်စက်ခြင်းကြောင့် ကွဲလွင့်သွားကြသောသူတို့သည် ဖိုနီးရှားနယ်မှစ၍ ဆိုက်ပရပ်ကျွန်းနှင့် အန္တိအုတ်မြို့အထိ ရောက်သွားကြ၏။ သူတို့သည် ဂျူးလူမျိုးတို့မှတစ်ပါး မည်သူ့ကိုမျှ နှုတ်ကပတ်တရားကိုမဟောပြောကြချေ။
ပေရဂေမြို့၌ နှုတ်ကပတ်တရားကိုဟောပြောပြီးလျှင် အတ္တလိမြို့သို့ ဆင်းသွားကြ၏။
ထို့နောက် သူတို့သည် ဖြူဂိပြည်နှင့်ဂလာတိပြည်တို့ကို ဖြတ်သွားကြသောအခါ အာရှပြည်တွင် နှုတ်ကပတ်တရားကိုမဟောပြောရန် သန့်ရှင်းသောဝိညာဉ်တော်၏တားမြစ်ခြင်းကို ခံရကြ၏။
ပေတရုနှင့်ယောဟန်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို သက်သေခံ၍ဟောပြောကြပြီးနောက် ဂျေရုဆလင်မြို့သို့ပြန်သွားရင်း ရှမာရိနယ်သားတို့၏ကျေးရွာများစွာတို့၌ ကောင်းမြတ်သောသတင်းကိုဟောပြောကြ၏။
ထို့ပြင် မည်သို့ဆိုထားသနည်း။ “တရားစကားသည် သင်၏အနီး၌ရှိ၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏စိတ်နှလုံး၌လည်းကောင်း ရှိ၏”ဟု ဆိုထား၏။ ဤသည်ကား ငါတို့ဟောပြောသည့် ယုံကြည်ခြင်းနှင့်ဆိုင်သော တရားစကားဖြစ်၏။
နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။