ထို့ကြောင့် လာဗန်သည် ထိုအရပ်၌ရှိသောလူအပေါင်းတို့ကိုဖိတ်ခေါ်လျက် စားသောက်ပွဲကျင်းပလေ၏။
ရှင်မာကု 2:19 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေစဉ် အစာရှောင်နိုင်ကြမည်လော။ သူတို့သည် သတို့သားနှင့်အတူရှိနေသရွေ့ အစာမရှောင်နိုင်ကြပေ။ Common Language Bible သခင်ယေရှုက ``မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များသည် သတို့သားနှင့်အတူ ရှိနေချိန်၌အစာရှောင်နိုင်ပါမည်လော။ သတို့ သားရှိနေသမျှကာလပတ်လုံးသူတို့သည် အစာမရှောင်နိုင်ကြရာ။- Garrad Bible ယေ ရှု က လူ ပျို ရံ တို့ သည် မင်္ဂ လာ ဆောင် သ တို့ သား နှင့် အ တူ ရှိ နေ စဉ် အ စာ ရှောင် နိုင် ကြ သ လော။ ရှိ နေ သ မျှ အ တွင်း အ စာ ရှောင် နိုင် ကြ သည် မ ဟုတ်။ Judson Bible ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “သတို့သား၏ မိတ်ဆွေအပေါင်းအသင်းများသည် ထိုသတို့သားနှင့်အတူရှိနေစဉ် အစာရှောင်တတ်ကြသလော။ သတို့သား ရှိနေသည့်ကာလပတ်လုံး သူတို့သည် အစာမရှောင်ကြ။ မြန်မာ ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ။- |
ထို့ကြောင့် လာဗန်သည် ထိုအရပ်၌ရှိသောလူအပေါင်းတို့ကိုဖိတ်ခေါ်လျက် စားသောက်ပွဲကျင်းပလေ၏။
ဇာပန်းထိုးထည်ဆင်မြန်းထားသောသူ့ကို ရှင်ဘုရင်ထံသို့ပို့ဆောင်ကြ၏။ သူ၏အပေါင်းအဖော်များဖြစ်ကြသော သူ့နောက်လိုက်သည့်အပျိုတော်တို့ကိုလည်း ကိုယ်တော့်ထံသို့ခေါ်ဆောင်လာကြပါ၏။
မိဖုရား ခြောက်ဆယ်၊ မောင်းမ ရှစ်ဆယ်နှင့် မရေတွက်နိုင်သော အပျိုတော်တို့ ရှိသော်လည်း
ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေသရွေ့ ဝမ်းနည်းကြေကွဲနိုင်ကြမည်လော။ သို့သော် သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့သည် အစာရှောင်လျက်နေကြ၏။ လူတို့သည် ကိုယ်တော်ထံသို့လာ၍ “ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့၏တပည့်များသည် အစာရှောင်နေကြသော်လည်း ကိုယ်တော်၏တပည့်များသည် အဘယ်ကြောင့် အစာမရှောင်ကြသနည်း”ဟု မေးလျှောက်ကြ၏။
သို့သော် သတို့သားကို သူတို့ထံမှခေါ်ဆောင်သွားမည့် နေ့ရက်များရောက်လာလိမ့်မည်။ ထိုနေ့ရက်ရောက်လာသည့်အခါ၌ သူတို့သည် အစာရှောင်ကြလိမ့်မည်။