မိမိအိမ်နီးချင်းကို အနိုင်အထက်မပြုရ။ သူ့ဥစ္စာကို မလုယူရ။ သူရင်းငှား၏လုပ်အားခကို တစ်ညလုံးနံနက်တိုင်အောင် မဆိုင်းထားရ။
ရှင်မာကု 12:31 - မြန်မာ့စံမီသမ္မာကျမ်း ဒုတိယပညတ်ချက်မှာ ‘ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်’ဟူ၍ ဖြစ်၏။ ဤပညတ်ချက်နှစ်ပါးထက်ကြီးမြတ်သော အခြားပညတ်မရှိ”ဟု ဖြေကြားတော်မူ၏။ Common Language Bible `အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ်ရမည်' ဟူ သောပညတ်သည်ဒုတိယအကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ဤပညတ်နှစ်ပါးထက်ပို၍ကြီး မြတ်သောပညတ်ကားမရှိ'' ဟုဖြေကြားတော် မူ၏။ Garrad Bible အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ သော အ ချက် သည် ဒု တိ ယ ပ ညတ် ဖြစ် သည်။ ထို ပ ညတ် များ ထက် ကြီး သော ပညတ် မ ရှိ ဟု မိန့် တော် မူ ၏။ Judson Bible ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။ ဤပညတ်တို့ထက် သာ၍ကြီးမြတ်သော ပညတ်မရှိဟု ပြန်၍မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒုတိယပညတ်တော်သည်လည်း ထိုနည်းတူဖြစ်၍ ‘ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ဖြစ်၏။ ဤပညတ်တော်နှစ်ပါးထက် ကြီးမြတ်သောပညတ်မရှိ” ဟု မိန့်တော်မူ၏။ မြန်မာ ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။ ဤပညတ်တို့ထက် သာ၍ကြီးမြတ်သော ပညတ်မရှိဟု ပြန်၍မိန့်တော်မူ၏။- |
မိမိအိမ်နီးချင်းကို အနိုင်အထက်မပြုရ။ သူ့ဥစ္စာကို မလုယူရ။ သူရင်းငှား၏လုပ်အားခကို တစ်ညလုံးနံနက်တိုင်အောင် မဆိုင်းထားရ။
သင်၏အမျိုးသားချင်းကို လက်တုံ့မပြန်ရ။ အငြိုးမထားရ။ ကိုယ့်အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
ဒုတိယပညတ်ချက်သည်လည်း ၎င်းနည်းတူဖြစ်ပြီး ‘ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်’ဟူ၍ ဖြစ်၏။
သို့ဖြစ်၍ သင်တို့သည် သူတစ်ပါးအားသင်တို့အပေါ်ပြုစေလိုသမျှအတိုင်း သူတစ်ပါးအပေါ်ပြုကြလော့။ ဤသည်ကား ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများ၏အချုပ်ဖြစ်၏။
ထိုကျမ်းပြုဆရာကလည်း “မှန်ပါ၏ဆရာ။ ဘုရားသခင်သည် တစ်ဆူတည်းရှိ၍ ထိုဘုရားသခင်မှတစ်ပါး အခြားဘုရားမရှိဟု ဆရာပြောသည်မှာ ဟုတ်မှန်ပါ၏။
ထိုသူက “သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး၊ သင်၏အစွမ်းသတ္တိရှိသမျှနှင့် သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည်ဟူ၍လည်းကောင်း၊ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်ဟူ၍လည်းကောင်း ဖြစ်ပါသည်”ဟု လျှောက်လေ၏။
အကြောင်းမူကား ပညတ်တရားအားလုံးသည် “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသောစကားတစ်ခွန်းတည်း၌ပြည့်စုံ၏။
“ဘုရားသခင်ကိုချစ်သောသူသည် မိမိညီအစ်ကိုကိုလည်း ချစ်ရမည်”ဟူသော ဤပညတ်တော်ကို ကိုယ်တော်ထံမှ ငါတို့ရရှိကြ၏။