ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကို ချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာစောင့်သောသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ မာန်မာနဖြင့်ပြုမူသောသူတို့ကိုမူကား မလျှော့မပေါ့အပြစ်ပေးတော်မူ၏။
ရှင်မာကု 12:23 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ပြန်ထမြောက်ရာကာလ၌ သူတို့ထမြောက်ကြသောအခါ ထိုမိန်းမသည် မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား ခုနစ်ဦးစလုံး ထိုမိန်းမကို မယားအဖြစ် ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။ Common Language Bible ညီအစ်ကိုခုနစ်ယောက်စလုံးပင်သူနှင့်စုံဖက် ခဲ့ကြသည်ဖြစ်၍ရှင်ပြန်ထမြောက်ရာနေ့၌ ထိုအမျိုးသမီးသည်မည်သူ၏ဇနီးဖြစ်ပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။ Garrad Bible ရှင် ပြန် ရာ ကာ လ ၌ ထ မြောက် ကြ သော် ခု နစ် ယောက် တိုင် သိမ်း ပိုက် ဘူး သော ထို မိန်း မ သည် မည် သူ့ မ ယား ဖြစ် ပါ မည် နည်း ဟု ပြော ဆို မေး မြန်း ကြ လျှင်၊ Judson Bible သို့ဖြစ်၍ ထမြောက်ရာကာလ၌ သူတို့သည် ထမြောက်ကြသောအခါ ထိုမိန်းမသည် အဘယ်သူ၏ မယားဖြစ်ပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဖက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုခုနစ်ဦးလုံးနှင့် ပေါင်းဖက်ခဲ့သူဖြစ်သောကြောင့် သေရာမှထမြောက်မည့်ကာလတွင် ထိုအမျိုးသမီးသည် မည်သူ၏ ဇနီးဖြစ်မည်နည်း” ဟု မေးလျှောက်ကြ၏။ မြန်မာ သို့ဖြစ်၍ ထမြောက်ရာကာလ၌ သူတို့သည် ထမြောက်ကြသောအခါ ထိုမိန်းမသည် အဘယ်သူ၏ မယားဖြစ်ပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဖက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။- |
ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကို ချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာစောင့်သောသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ မာန်မာနဖြင့်ပြုမူသောသူတို့ကိုမူကား မလျှော့မပေါ့အပြစ်ပေးတော်မူ၏။
ခုနစ်ဦးစလုံးသည်မျိုးဆက်မထားခဲ့ဘဲ သေဆုံးကြသည်။ နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။
ယေရှုကလည်း“သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် ဤသို့အယူလွဲနေကြသည်မဟုတ်လော။