ထို့နောက် ကိုယ်တော်သည် သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ခွာလျက် ဗေသနိရွာသို့ကြွကာ ထိုရွာ၌ တစ်ညတာကုန်လွန်စေတော်မူ၏။
ရှင်မာကု 11:19 - မြန်မာ့စံမီသမ္မာကျမ်း မှောင်ရီပျိုးစချိန်ရောက်လာသောအခါ ယေရှုနှင့်တပည့်တော်တို့သည် မြို့ပြင်သို့ထွက်သွားကြ၏။ Common Language Bible နေစောင်းလာသောအခါကိုယ်တော်နှင့်တပည့် တော်တို့သည်မြို့မှထွက်သွားကြ၏။ Garrad Bible ကိုယ် တော် သည် ည နေ ချမ်း အ ချိန် ကျ ရောက် သော် မြို့ မှ ထွက် ကြွ တော် မူ ၏။ Judson Bible ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ညနေခင်း ရောက်သောအခါ ယေရှုနှင့် တပည့်တော်တို့သည် မြို့မှ ထွက်သွားကြ၏။ မြန်မာ ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ၏။ |
ထို့နောက် ကိုယ်တော်သည် သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ခွာလျက် ဗေသနိရွာသို့ကြွကာ ထိုရွာ၌ တစ်ညတာကုန်လွန်စေတော်မူ၏။
ဤသို့ဖြင့် ကိုယ်တော်သည် ဂျေရုဆလင်မြို့ထဲသို့ဝင်၍ ဗိမာန်တော်သို့ကြွတော်မူ၏။ အရာရာတို့ကို လှည့်လည်ကြည့်ရှုတော်မူပြီးလျှင် ညနေချမ်းအချိန်ရောက်ပြီဖြစ်၍ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့နှင့်အတူ ဗေသနိရွာသို့ကြွတော်မူ၏။
ကိုယ်တော်သည် နေ့အခါများ၌ ဗိမာန်တော်တွင် သွန်သင်တော်မူပြီး ညအခါများ၌မူ အပြင်သို့ထွက်သွား၍ သံလွင်အမည်ရှိသောတောင်ပေါ်၌ ညကိုကုန်လွန်စေတော်မူ၏။
သင်တို့သည် အလင်း၏သားများဖြစ်ကြရန် သင်တို့တွင် အလင်းရှိခိုက် အလင်းကိုယုံကြည်ကြလော့”ဟု မိန့်တော်မူ၏။ ယေရှုသည် ဤအရာများကို ဟောပြောတော်မူပြီးနောက် ထွက်သွား၍ သူတို့ကို တိမ်းရှောင်လျက်နေတော်မူ၏။