ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်။
ရှင်မာကု 10:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်။သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်ကြ၏။ Common Language Bible ထိုသူနှစ်ဦးတို့သည်တစ်သားတစ်ကိုယ်တည်း ဖြစ်လာကြလိမ့်မည်။ သို့ဖြစ်၍သူတို့သည်နှစ် ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။- Garrad Bible သို့ ဖြစ်၍ နှစ် ဦး မ ဟုတ် တစ် သား တည်း ဖြစ် သည် နှင့်၊ Judson Bible ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့နှစ်ဦးသည် တစ်သားတည်းဖြစ်ကြလိမ့်မည်။’ သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်ဦးတည်းဖြစ်ကြ၏။ မြန်မာ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏။- |
ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်။
ထို့ကြောင့် ဘုရားသခင်တွဲဖက်၍ ထမ်းပိုးတင်တော်မူသောအရာကို လူက မကွဲကွာစေနှင့်”ဟု မိန့်တော်မူ၏။
ပြည့်တန်ဆာနှင့်ပေါင်းဖော်သောသူသည် ပြည့်တန်ဆာနှင့်တစ်ခန္ဓာတည်းဖြစ်ကြောင်း မသိကြသလော။ အကြောင်းမူကား “ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်”ဟု ကျမ်းစာ၌ဆိုထား၏။
ထိုနည်းတူ ခင်ပွန်းသည်တို့သည်လည်း မိမိတို့၏ဇနီးသည်ကို မိမိတို့ကိုယ်ခန္ဓာကဲ့သို့ ချစ်ကြရမည်။ မိမိ၏ဇနီးသည်ကို ချစ်သောသူသည် မိမိကိုယ်ကိုချစ်သောသူဖြစ်၏။