မာနထောင်လွှားခြင်းသည် ခိုက်ရန်ကိုသာဖြစ်ပွားစေတတ်၏။ အကြံပေးခြင်းကိုလက်ခံသောသူ၌ကား ဉာဏ်ပညာရှိ၏။
ရှင်မာကု 10:41 - မြန်မာ့စံမီသမ္မာကျမ်း ကျန်တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကိုကြားသိလျှင် ယာကုပ်နှင့်ယောဟန်တို့ကို စိတ်ဆိုးကြ၏။ Common Language Bible ဤအကြောင်းအရာကိုအခြားတပည့်တော် ဆယ်ဦးတို့ကြားသိကြသောအခါ ယာကုပ် နှင့်ယောဟန်တို့ကိုစိတ်ဆိုးကြ၏။- Garrad Bible ဆယ် ပါး သော တ ပည့် တော် တို့ သည် ကြား ကြ သော် ယာ ကုပ် နှင့် ယော ဟန် တို့ ကို အ မျက် ထွက် ကြ သ ဖြင့်၊ Judson Bible အခြားသော တပည့်တော်တစ်ကျိပ်တို့သည် ကြားသိလျှင်၊ ယာကုပ်နှင့် ယောဟန်တို့ကို အမျက်ထွက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအကြောင်းကို ကျန်တပည့်တော်ဆယ်ပါးတို့ကြားသော် ယာကုပ်နှင့် ယောဟန်တို့အား ဒေါသထွက်ကြ၏။ မြန်မာ အခြားသော တပည့်တော်တစ်ကျိပ်တို့သည် ကြားသိလျှင်၊ ယာကုပ်နှင့် ယောဟန်တို့ကို အမျက်ထွက်ကြ၏။- |
မာနထောင်လွှားခြင်းသည် ခိုက်ရန်ကိုသာဖြစ်ပွားစေတတ်၏။ အကြံပေးခြင်းကိုလက်ခံသောသူ၌ကား ဉာဏ်ပညာရှိ၏။
တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကိုကြားသိလျှင် ထိုညီအစ်ကိုနှစ်ဦးတို့ကို စိတ်ဆိုးကြ၏။
ထိုအခါ ယေရှုသည် သူတို့ကိုခေါ်လျက်“လူမျိုးခြားတို့တွင် သူတို့ကိုအုပ်ချုပ်ရန် သတ်မှတ်ထားခြင်းခံရသောသူတို့သည် ပြည်သူတို့အပေါ် စိုးမိုးခြယ်လှယ်ကြ၍ သူတို့၏အကြီးအကဲတို့သည် သူတို့အပေါ် အာဏာသုံးတတ်ကြသည်ကို သင်တို့သိကြ၏။
ထို့နောက် သူတို့တွင် မည်သူ့ကို အကြီးမြတ်ဆုံးဖြစ်သည်ဟု မှတ်ယူရမည်ကိုလည်း အချင်းချင်းအငြင်းပွားကြ၏။
သို့သော် ကိုယ်တော်က“လူမျိုးခြားတို့၏ဘုရင်များသည် ပြည်သူတို့အပေါ် အစိုးတရပြုတတ်ကြ၏။ လူတို့အပေါ်အာဏာရှိသောသူများသည်လည်း အများအကျိုးဆောင်သူဟု ခေါ်ဝေါ်ခြင်းကိုခံရကြ၏။
ညီအစ်ကိုချင်းချစ်သောမေတ္တာအားဖြင့် အချင်းချင်းချစ်ခင်ကြင်နာကြ၍ ရိုသေသမှုပြုခြင်း၌ သူတစ်ပါးသည် မိမိထက်သာလွန်သည်ဟု မှတ်ယူကြလော့။
မည်သည့်အမှုကိုမျှ တုပြိုင်လိုသောစိတ်နှင့်လည်းကောင်း၊ အချည်းနှီးကျော်စောလိုသောစိတ်နှင့်လည်းကောင်း မပြုဘဲ နှိမ့်ချသောစိတ်ရှိလျက် သူတစ်ပါးတို့သည် မိမိတို့ထက် ထူးမြတ်သည်ဟု မှတ်ယူကြလော့။
သို့မဟုတ် ကျမ်းစာက “ကိုယ်တော်သည် ငါတို့၌ ကိန်းဝပ်စေတော်မူသောဝိညာဉ်ကို သဝန်တိုသောသဘောဖြင့် တောင့်တတော်မူ၏”ဟူ၍ အကြောင်းမဲ့ဆိုထားသည်ဟု သင်တို့ထင်ကြသလော။