ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
ရှင်မာကု 10:40 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါ၏လက်ယာဘက်နှင့် လက်ဝဲဘက်တို့၌ ထိုင်ရသောအခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာသည် ပြင်ဆင်ပေးထားသောသူတို့အတွက်သာဖြစ်၏”ဟု မိန့်တော်မူ၏။ Common Language Bible သို့ရာတွင်ငါ၏လက်ယာရံ၊ လက်ဝဲရံအဖြစ် ကိုမူ ငါသည်မပေးပိုင်။ ဤအခွင့်အရေးများ သည်ဘုရားသခင်စီမံပြင်ဆင်ထားသူများ အတွက်သာဖြစ်၏'' ဟုမိန့်တော်မူ၏။ Garrad Bible ဝဲ ယာ၌ ထိုင် ခွင့် ကို ကား ငါ မ ပေး ပိုင်။ ပြင် ဆင် တော် မူ နှင့် သည့် အ တိုင်း သာ ထိုင် ခွင့် ရ ရှိ ကြ သည် ဟု မိန့် တော် မူ ၏။ Judson Bible သို့သော်လည်း ငါ့လက်ယာဘက်၊ လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဖို့အလိုငှာ ပြင်ဆင်၏၊ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ငါ၏ လက်ဝဲနှင့်လက်ယာ တစ်ဖက်စီ၌ ထိုင်ခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာများကို ငါ၏ ခမည်းတော်သည် မိမိရွေးချယ်တော်မူသောသူများအတွက် ပြင်ဆင်ထားတော်မူ၏” ဟု မိန့်တော်မူ၏။ မြန်မာ သို့သော်လည်း ငါ့လက်ယာဘက်၊ လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဖို့အလိုငှာ ပြင်ဆင်၏၊ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။ |
ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
ကိုယ်တော်ကလည်း“ငါ၏ခွက်ကို သင်တို့သောက်ကြမည်မှန်၏။ သို့သော် ငါ၏လက်ယာဘက်နှင့်လက်ဝဲဘက်တို့၌ ထိုင်ရသောအခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာသည် ငါ၏ခမည်းတော်ပြင်ဆင်ပေးထားသောသူတို့အတွက်သာဖြစ်၏”ဟု မိန့်တော်မူ၏။
ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။
အကြောင်းမှာ ကိုယ်တော်သည် သားတော်အား လူသားအားလုံးကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူပြီ။ ဤသည်ကား သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကိုပေးနိုင်ရန်အတွက်ဖြစ်ပါ၏။
အို အဖ၊ ကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူ၍ အကျွန်ုပ်အားပေးတော်မူသောအကျွန်ုပ်၏ဘုန်းအသရေကို အကျွန်ုပ်ထံကိုယ်တော်ပေးအပ်တော်မူသောသူတို့သည် ရှုမြင်ရကြရန် သူတို့ကို အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။
ကိုယ်တော်ကလည်း“ခမည်းတော်သည် မိမိအခွင့်အာဏာဖြင့် စီရင်ထားတော်မူသောကာလများ၊ သို့မဟုတ် အချိန်အခါများကို သင်တို့သိရန်မလိုအပ်ပေ။
သို့သော် အမှန်အားဖြင့် သူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသည့်ပြည်တည်းဟူသော သာ၍မြတ်သောပြည်ကို အလွန်တောင့်တနေကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ဘုရားဟုခေါ်ဝေါ်ခြင်းခံရသည်ကို ရှက်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် သူတို့အတွက် မြို့တော်ကိုပြင်ဆင်ထားတော်မူ၏။