“သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့သည် ပြောင်းလဲ၍ ကလေးသူငယ်များကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်။
ရှင်မာကု 10:15 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါအမှန်ဆိုမည်။ ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်တစ်ဦးကဲ့သို့လက်မခံသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။ Common Language Bible အမှန်အကန်ငါဆိုသည်ကားကလေးသူငယ် နည်းတူ ဘုရားသခင်၏အုပ်စိုးတော်မူခြင်းကို လက်မခံသောသူသည် နိုင်ငံတော်သို့ဝင်ရလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။- Garrad Bible မည် သူ မ ဆို ဘု ရား သ ခင့် နိုင် ငံ တော် ကို သူ ငယ် ကဲ့ သို့ မ ခံ ယူ လျှင် ဝင် ရ မည် မ ဟုတ်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ ပြီး နောက်၊ Judson Bible ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့မဝင်ရဟု မိန့်တော်မူပြီးမှ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်ကို ကလေးငယ်ကဲ့သို့ မခံယူသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။ မြန်မာ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့မဝင်ရဟု မိန့်တော်မူပြီးမှ၊- |
“သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့သည် ပြောင်းလဲ၍ ကလေးသူငယ်များကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်။
ယေရှုကလည်း“ကလေးသူငယ်တို့ကို ရှိကြပါလေစေ။ ငါ့ထံသို့ သူတို့လာကြသည်ကို မတားဆီးကြနှင့်။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏”ဟု မိန့်တော်မူလျက်
သင်တို့အား ငါအမှန်ဆိုမည်။ ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်တစ်ဦးကဲ့သို့လက်မခံသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ညီအစ်ကိုတို့၊ စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ ကလေးသူငယ်များမဖြစ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်၍ ကလေးသူငယ်များကဲ့သို့ဖြစ်ကြလျက် စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ စုံလင်ရင့်ကျက်သောသူများဖြစ်ကြလော့။
သခင်ဘုရားသည် ကျေးဇူးပြုတော်မူကြောင်း သင်တို့မြည်းစမ်းကြပြီဖြစ်၍ ဝိညာဉ်ရေးဆိုင်ရာနို့ရည်အစစ်အားဖြင့် ကယ်တင်ခြင်း၌ကြီးထွားရန် မွေးကင်းစကလေးငယ်များကဲ့သို့ ထိုနို့ရည်ကိုတောင့်တကြလော့။