ကိုယ်တော်ကလည်း“မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် ထိုမိန်းမနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။
ရှင်မာကု 10:10 - မြန်မာ့စံမီသမ္မာကျမ်း တပည့်တော်တို့သည် အိမ်ထဲ၌ရှိစဉ် ဤအကြောင်းအရာကို ကိုယ်တော်အား ထပ်မံမေးလျှောက်ကြ၏။ Common Language Bible တပည့်တော်တို့သည်အိမ်သို့ပြန်ရောက်ကြ သောအခါ ဤအကြောင်းအရာကိုထပ်မံ၍ ကိုယ်တော်အားမေးလျှောက်ကြ၏။- Garrad Bible အိမ် အ တွင်း ထို အ ကြောင်း နှင့် စပ် လျဉ်း၍ တ ပည့် တော် တို့ ထပ် မံ မေး လျှောက် ကြ ရာ၊ Judson Bible နောက်တစ်ဖန် တပည့်တော်တို့သည် အိမ်၌ရှိစဉ်၊ ထိုအကြောင်းကို မေးလျှောက်ပြန်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ အိမ်ထဲ၌ ရှိစဉ် တပည့်တော်တို့က ထိုအကြောင်းအရာကို တစ်ဖန်မေးလျှောက်ကြ၏။ မြန်မာ နောက်တစ်ဖန် တပည့်တော်တို့သည် အိမ်၌ရှိစဉ်၊ ထိုအကြောင်းကို မေးလျှောက်ပြန်ကြ၏။ |
ကိုယ်တော်ကလည်း“မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် ထိုမိန်းမနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။
ထို့ကြောင့် ဘုရားသခင်တွဲဖက်၍ ထမ်းပိုးတင်တော်မူသောအရာကို လူက မကွဲကွာစေနှင့်”ဟု မိန့်တော်မူ၏။
ကိုယ်တော်တစ်ပါးတည်းရှိတော်မူသောအခါ ကိုယ်တော်၏နောက်လိုက်နောက်ပါတို့နှင့် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် ထိုပုံဥပမာများအကြောင်းကို မေးလျှောက်ကြ၏။
ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့က “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း”ဟု တိတ်တဆိတ်မေးလျှောက်ကြ၏။
ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ရောက်ကြ၏။ အိမ်ထဲ၌ရှိတော်မူစဉ် ကိုယ်တော်က တပည့်တော်တို့အား“သင်တို့သည် လမ်း၌ မည်သည့်အကြောင်းအရာကို အချေအတင်ပြောဆိုလာခဲ့ကြသနည်း”ဟု မေးတော်မူ၏။