သူတို့သည် မျက်စိမြင်လာလေ၏။ ယေရှုကလည်း“မည်သူမျှမသိစေရန် သတိပြုကြလော့”ဟု သူတို့အား တင်းကျပ်စွာမှာကြားတော်မူ၏။
ရှင်မာကု 1:43 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“မည်သူ့ကိုမဆို မည်သည့်အရာမျှမပြောရန် သတိပြုလော့။ ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌ သက်သေဖြစ်စေရန် မောရှေပညတ်ခဲ့သည့်အတိုင်း သင်၏စင်ကြယ်ခြင်းဝတ်အတွက် ပူဇော်သက္ကာကို ဆက်သလော့”ဟု တင်းကျပ်စွာမှာကြားလျက် သူ့ကိုချက်ချင်းပြန်သွားစေတော်မူ၏။ Common Language Bible ချက်ချင်းပင်သခင်ယေရှုသည်ထိုသူအား ``ဤ အဖြစ်အပျက်အကြောင်းကိုမည်သူ့အားမျှ မပြောနှင့်၊ ယဇ်ပုရောဟိတ်ထံသို့မူသွား၍သင်၏ ကိုယ်ကိုပြလော့။ သင်သန့်စင်သွားသည့်အတွက် လူတို့ရှေ့တွင်သက်သေပြရန် မောရှေမိန့်မှာသည့် ပူဇော်သကာကိုဆက်သလော့'' ဟုကြပ်တည်းစွာ သတိပေး၍ထွက်ခွာသွားစေတော်မူ၏။ Garrad Bible ကိုယ် တော် က လည်း မည် သူ့ ကို မျှ မ ကြား မ ပြော မိ စေ ရန် သ တိ ပြု လော့။ ပ ရော ဟိတ် ထံ သွား၍ ကိုယ် ကို ပြ ပြီး လျှင် မော ရှေ စီ ရင် ခဲ့ သော ဝ တ္ထု ကို သက် သေ အ ဖြစ် သန့် ရာ ရောက် သည့် အ တွက် ဆက် ကပ် လော့ ဟု ချက် ခြင်း လွှတ်၍ ကြပ် တည်း စွာ မိန့် တော် မူ သော် လည်း၊ Judson Bible ယေရှုကလည်း၊ သင်သတိပြု။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက ထိုသူအား “ဤအကြောင်း မည်သူ့ကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါ ပျောက်ကင်းစင်ကြယ်ကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့” ဟု တင်းကျပ်စွာ သတိပေး၍ မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ သင်သတိပြု။- |
သူတို့သည် မျက်စိမြင်လာလေ၏။ ယေရှုကလည်း“မည်သူမျှမသိစေရန် သတိပြုကြလော့”ဟု သူတို့အား တင်းကျပ်စွာမှာကြားတော်မူ၏။
ထိုခဏချင်းတွင် သူ၏အနာကြီးရောဂါသည် ပျောက်ကင်းသွား၍ သူသည် စင်ကြယ်ခြင်းသို့ရောက်လေ၏။
ကိုယ်တော်ကလည်း မိမိအကြောင်းကို သိသာထင်ရှားအောင်မပြုရန် ထိုနတ်ဆိုးတို့ကို တင်းကျပ်စွာသတိပေးတော်မူ၏။
ကိုယ်တော်ကလည်း မည်သူမျှ ဤအကြောင်းကိုမသိစေရန် သူတို့အား တင်းကျပ်စွာမိန့်မှာတော်မူပြီးလျှင် သူ့အားစားစရာပေးရန် မိန့်တော်မူ၏။
ကိုယ်တော်သည် ဤအကြောင်းကို မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။ သို့သော် သူတို့ကို ထိုသို့မိန့်မှာတော်မူလေ သူတို့သည် ပို၍ပြောလေဖြစ်၏။
ထိုအခါ မိဘတို့သည် အံ့သြငေးမောကြ၏။ သို့ရာတွင် ကိုယ်တော်သည် ဤအဖြစ်အပျက်ကို မည်သူ့ကိုမျှမပြောရန် သူတို့အား မိန့်မှာတော်မူ၏။