မောရှေသည် တိမ်တိုက်ထဲသို့ဝင်၍ တောင်ပေါ်သို့တက်သွားပြီးလျှင် ထိုတောင်ပေါ်၌ ရက်ပေါင်းလေးဆယ်နေလေ၏။
ရှင်မာကု 1:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်သည် တောကန္တာရ၌ ရက်ပေါင်းလေးဆယ်နေလျက် စာတန်၏ဖြားယောင်းသွေးဆောင်ခြင်းကိုခံတော်မူ၏။ သားရဲတိရစ္ဆာန်များနှင့်အတူရှိတော်မူ၍ ကောင်းကင်တမန်များသည် ကိုယ်တော်ကိုပြုစုကြ၏။ Common Language Bible တောကန္တာရတွင်စာတန်သည်ကိုယ်တော်အား အရက် လေးဆယ်ပတ်လုံးစုံစမ်းသွေးဆောင်လေသည်။ ထို အရပ်တွင်တောတိရစ္ဆာန်များလည်းရှိ၏။ သို့ရာ တွင်ကောင်းကင်တမန်တို့သည်လာ၍ ကိုယ်တော် ကိုလုပ်ကျွေးကြ၏။ Garrad Bible စာ တန့် စုံ စမ်း ခြင်း ကို ခံ၍ ရက် ပေါင်း လေး ဆယ် အ တွင်း တော တိ ရ စ္ဆာန် တို့ နှင့် အ တူ ရှိ နေ တော် မူ ရာ စေ တ မန် တော် တို့ လုပ် ကျွေး သ မှု ပြု ကြ၏။ Judson Bible အရက်လေးဆယ်ပတ်လုံး ထိုတော၌နေ၍ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲတို့နှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တို့သည်လည်း လုပ်ကျွေးကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုတောကန္တာရတွင် ရက်ပေါင်းလေးဆယ်နေ၍ မာရ်နတ်၏ ဖြားယောင်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ ယေရှုသည် သားရဲတိရစ္ဆာန်များနှင့်အတူ ရှိတော်မူ၍ ကောင်းကင်တမန်များကလည်း ယေရှုကို လုပ်ကျွေးပြုစုကြ၏။ မြန်မာ အရက်လေးဆယ်ပတ်လုံး ထိုတော၌နေ၍ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲတို့နှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တို့သည်လည်း လုပ်ကျွေးကြ၏။ |
မောရှေသည် တိမ်တိုက်ထဲသို့ဝင်၍ တောင်ပေါ်သို့တက်သွားပြီးလျှင် ထိုတောင်ပေါ်၌ ရက်ပေါင်းလေးဆယ်နေလေ၏။
မောရှေသည် အစာကိုမစား၊ ရေကိုလည်းမသောက်ဘဲ ထိုအရပ်၌ ထာဝရဘုရားနှင့်အတူ နေ့ပေါင်းလေးဆယ်၊ ညပေါင်းလေးဆယ်နေလျက် ကျောက်ပြားများအပေါ်၌ ပညတ်တော်ဆယ်ပါးတည်းဟူသော ပဋိညာဉ်ပါအချက်များကို ရေးသားလေ၏။
ယခုပင် တစ်ဆယ့်နှစ်တပ်ထက်များပြားသော ကောင်းကင်တမန်ကို ငါ့ထံသို့စေလွှတ်တော်မူမည့်အကြောင်း ခမည်းတော်ထံသို့ ငါမတောင်းနိုင်ဟု သင်ထင်သလော။
ထို့နောက် ယေရှုသည် မာရ်နတ်၏ဖြားယောင်းသွေးဆောင်ခြင်းကိုခံရန် ဝိညာဉ်တော်အားဖြင့် တောကန္တာရသို့ပင့်ဆောင်ခြင်းကိုခံတော်မူ၏။
ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဂျော်ဒန်မြစ်မှ ပြန်ကြွတော်မူ၏။ ထို့နောက် ဝိညာဉ်တော်၏ပင့်ဆောင်ခြင်းကိုခံတော်မူ၍
အရက်လေးဆယ်ပြည့်သောအခါ ထာဝရဘုရားသည် ပဋိညာဉ်ကျောက်ပြားနှစ်ချပ်ကို ငါ့အား ပေးအပ်တော်မူပြီး
ထာဝရဘုရားအမျက်ထွက်စေရန် မျက်မှောက်တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် သင်တို့ကျူးလွန်သည့်အပြစ်ရှိသမျှတို့ကြောင့် ငါသည် အစာမစား၊ ရေလည်းမသောက်ဘဲ ယခင်ကဲ့သို့ အရက်လေးဆယ်ပတ်လုံး ထာဝရဘုရားရှေ့မှောက်၌ပျပ်ဝပ်လျက်နေ၏။
ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူသောကြောင့် ငါသည် ထာဝရဘုရားရှေ့တော်၌ အရက်လေးဆယ်ပတ်လုံး ပျပ်ဝပ်လျက်နေ၏။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
အကြောင်းမူကား ငါတို့၏ယဇ်ပုရောဟိတ်မင်းသည် ငါတို့၏အားနည်းခြင်းများကို မထောက်ထားမညှာတာနိုင်သူမဟုတ်။ ကိုယ်တော်သည် ငါတို့နည်းတူ စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကိုခံခဲ့ဖူးသူဖြစ်တော်မူ၏။ သို့သော် အပြစ်နှင့်ကင်းလွတ်တော်မူ၏။