“အကြီးသည် အငယ်ကို အစေခံရလိမ့်မည်”ဟု ရေဗက္ကာအား မိန့်တော်မူ၏။
သား ကြီး သည် သား ငယ့် ထံ ကျွန် ခံ ရ လိမ့် မည် ဟု ရေ ဗ က္က အား ဗျာ ဒိတ် တော် ရှိ ၏။
သားအကြီးသည် သားအငယ်၌ ကျွန်ခံရလိမ့်မည်ဟု ထိုမိန်းမအား ဗျာဒိတ်ပေးတော်မူ၏။-
ဧဒုံပြည်တွင်လည်း မြို့စောင့်တပ်များ ချထားလိုက်၏။ ထိုသို့ ဧဒုံပြည်တစ်ပြည်လုံးတွင် မြို့စောင့်တပ်များ ချထားသောကြောင့် ဧဒုံလူမျိုးအပေါင်းတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်သွား၏။ ထာဝရဘုရားသည်လည်း ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
ထိုစဉ်က ဧဒုံပြည်တွင် ရှင်ဘုရင်မရှိ။ ဘုရင်ခံက အုပ်ချုပ်၏။
မည်သူမျှ သခင်နှစ်ဦးကို အစေခံ၍မရနိုင်။ အကြောင်းမူကား သူသည် တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်လိမ့်မည်။ သို့မဟုတ် တစ်ဦးကိုသစ္စာစောင့်၍ တစ်ဦးကိုမထီမဲ့မြင်ပြုလိမ့်မည်။ သင်တို့သည် ဘုရားသခင်နှင့်လောကီစည်းစိမ်တို့ကို တစ်ပြိုင်တည်းအစေခံ၍မရနိုင်ကြ။