ကျူးလွန်သောအပြစ်ခွင့်လွှတ်ခြင်းခံရသောသူ၊ အပြစ်ဖုံးအုပ်ခြင်းခံရသောသူသည် မင်္ဂလာရှိ၏။
ရောမ 4:8 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားအပြစ်မယူသောသူသည် မင်္ဂလာရှိ၏”ဟု ဆို၏။ Common Language Bible မိမိ၏အပြစ်များကိုထာဝရဘုရားမှတ်တော်မူ ခြင်းကို၊ မခံရသောသူသည်မင်္ဂလာရှိ၏'' ဟုမြွက်ဆိုလေသည်။ Garrad Bible အ ပြစ် ကို ထာ ဝ ရ ဘု ရား မှတ် တော် မူ ခြင်း မ ခံ ရ သူ၌ မင်္ဂ လာ ရှိ သည် ဟူ၍ တည်း။ Judson Bible ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိ၏ အပြစ်များကို ထာဝရဘုရား မှတ်တော်မူခြင်းမခံရသောသူသည် မင်္ဂလာရှိ၏။” |
ကျူးလွန်သောအပြစ်ခွင့်လွှတ်ခြင်းခံရသောသူ၊ အပြစ်ဖုံးအုပ်ခြင်းခံရသောသူသည် မင်္ဂလာရှိ၏။
ထာဝရဘုရားအပြစ်မယူသောသူ၊ မိမိစိတ်ဝိညာဉ်၌လိမ်လည်ကောက်ကျစ်မှု မရှိသောသူသည် မင်္ဂလာရှိ၏။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်