အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရော​မ 14:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည် သေလွန်​သော​သူ​တို့​နှင့်​အသက်ရှင်​သော​သူ​တို့​၏​အရှင်​သခင်​ဖြစ်​ရန်​အတွက် အသေခံ​တော်မူ​ပြီးနောက် အသက်​ပြန်​ရှင်​တော်မူ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​သည်​သေ သူ၊ ရှင်​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​အံ့​သော​ငှာ အ​သေ​ခံ​၍​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ နှင့် အ ညီ ခ ရစ် တော် သည် သူ သေ သူ ရှင် တို့ အ ပေါ် တွင် အုပ် စိုး ခွင့် ရ အံ့ သော ငှါ အ သေ ခံ၍ ရှင် ပြန် တော် မူ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည်၊ သေ​သော​သူ​တို့​ကို​လည်း​ကောင်း၊ ရှင်​သော​သူ​တို့​ကို​လည်း​ကောင်း၊ အ​စိုး​ရ​သော​အ​ရှင် ဖြစ်​လို​သော​ငှာ အ​သေ​ခံ၍၊ ခံ​ပြီး​မှ အ​သက်​ရှင်​ပြန်​တော်​မူ၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ခရစ်တော်​သည် သေလွန်သောသူများ​နှင့် အသက်ရှင်သောသူများ​၏ အရှင်သခင်​ဖြစ်​ရန်အတွက် အသေခံ​ပြီး ရှင်ပြန်​ထမြောက်တော်မူခဲ့၏။

အခန်းကိုကြည့်ပါ။



ရော​မ 14:9
20 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေရှု​သည် သူ​တို့​ထံသို့​ချဉ်းကပ်​၍“ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌ ရှိသမျှ​သော​အခွင့်​အာဏာ​တို့​ကို ငါ့​ထံ​ပေးအပ်​တော်မူ​ပြီ။


ခရစ်တော်​သည် ဤသို့​ဒုက္ခ​ဝေဒနာ​ခံစား​ရ​၍ မိမိ​၏​ဘုန်း​အသရေ​ထဲသို့​ဝင်စား​ရ​မည်​မ​ဟုတ်​လော”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။


သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ဂျုံ​စေ့​တစ်​စေ့​သည် မြေ​၌​ကျ​၍ မ​ပျက်စီး​လျှင် တစ်စေ့တည်း​ရှိ​နေ​၏။ ပျက်စီး​လျှင်​မူကား များစွာ​သော​အသီး​ကို ဖြစ်ထွန်း​စေ​တတ်​၏။


ဘုရားသခင်​သည် လူ​အပေါင်း​တို့​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​အားဖြင့် ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​၍ အစ္စရေး​အမျိုးသား​တို့​ထံသို့ ပေးပို့​တော်မူ​သော​နှုတ်ကပတ်​တရား​ကို သင်​တို့​သိ​ကြ​၏။


ထို့နောက် ကိုယ်တော်​က ကိုယ်တော်​သာလျှင်​အသက်ရှင်​သော​သူ​နှင့်​သေလွန်​သော​သူ​တို့​ကို​တရား​စီရင်​သူ​အဖြစ် ဘုရားသခင်​ခန့်အပ်​ထား​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း လူ​တို့​အား​ဟောပြော​ရန်​နှင့် သက်သေခံ​ရန် ငါ​တို့​အား မိန့်မှာ​တော်မူ​၏။


သင်​သည် မိမိ​နှုတ်​ဖြင့် ယေရှု​သည် အရှင်​သခင်​ဖြစ်​ကြောင်း​ဝန်ခံ​၍ သင်​၏​စိတ်နှလုံး​ထဲ၌ ဘုရားသခင်​သည် သူ့​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​ပြီ​ဟု ယုံကြည်​လျှင် ကယ်တင်​ခြင်း​ခံရ​မည်။


အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​လွှမ်းမိုး​လျက်​ရှိ​၏။ ငါ​တို့​သည် ဤသို့​ယူဆ​ကြ​၏။ တစ်​ယောက်​သော​သူ​သည် လူ​အပေါင်း​တို့​အတွက် အသေခံ​သည်​ဖြစ်၍ လူ​အပေါင်း​တို့​သည် သေဆုံး​ခဲ့​ကြ​ပြီ။


အကြောင်းမူကား ယေရှု​သည် အသေခံ​ပြီးနောက် ထမြောက်​တော်မူ​သည်​ဟု ငါ​တို့​ယုံကြည်​ကြ​လျှင် ဘုရားသခင်​သည် ယေရှု​၌ အိပ်ပျော်​သော​သူ​တို့​ကို​လည်း ထို​ကဲ့သို့​ပင် ထို​သခင်​နှင့်အတူ​ခေါ်ထုတ်​တော်မူ​လိမ့်မည်။


ငါ​တို့​သည် နိုး​နေ​သည်​ဖြစ်စေ၊ အိပ်ပျော်​နေ​သည်​ဖြစ်စေ ကိုယ်တော်​နှင့်​အတူ အသက်ရှင်​မည့်​အကြောင်း ကိုယ်တော်​သည် ငါ​တို့​အတွက် အသေခံ​တော်မူ​၏။


ငါ​သည် ဘုရားသခင်​၏​ရှေ့​တော်​၌​လည်းကောင်း၊ အသက်ရှင်​သော​သူ​တို့​နှင့်​သေ​သော​သူ​တို့​ကို​စီရင်​တော်မူ​မည့် ခရစ်တော်​ယေရှု​၏​ရှေ့​တော်​၌​လည်းကောင်း ကိုယ်တော်​၏​ပေါ်ထွန်း​တော်မူ​ခြင်း​နှင့် ကိုယ်တော်​၏​နိုင်ငံ​တော်​ကို​အကြောင်းပြု​၍ သင့်​အား အလေးအနက်​တိုက်တွန်း​သည်​ကား


ယုံကြည်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​၍ စုံလင်​စေ​သည့်​အရှင်​ဖြစ်​တော်မူ​သော​ယေရှု​ကို မျက်မှောက်​ပြု​ကြ​ကုန်စို့။ ကိုယ်တော်​သည် မိမိ​ရှေ့၌​ပြင်ဆင်​ထား​သော​ဝမ်းမြောက်​ခြင်း​ကြောင့် ရှက်ဖွယ်ရာ​များ​ကို​ပင် အမှုမထား​ဘဲ လက်ဝါးကပ်တိုင်​၏​ဒဏ်​ကို​သည်းခံ​ပြီးလျှင် ဘုရားသခင်​၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌ ထိုင်​တော်မူ​၏။


ကိုယ်တော်​အား သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​၍ ဘုန်း​အသရေ​ပေး​တော်မူ​သော​ဘုရားသခင်​ကို ကိုယ်တော်​အားဖြင့် သင်​တို့​ယုံကြည်​ကြ​၏။ သို့ဖြစ်၍ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်​မျှော်လင့်​ခြင်း​တို့​သည် ဘုရားသခင်​ထဲ၌​တည်ရှိ​ကြ​၏။


သူ​တို့​သည် အသက်ရှင်​သော​သူ​တို့​နှင့်​သေ​သော​သူ​တို့​ကို တရား​စီရင်​ရန် အသင့်​ရှိ​တော်မူ​သော​အရှင်​ထံ၌ ဖြေရှင်းချက်​ပေး​ကြ​ရ​လိမ့်မည်။


အသက်ရှင်​သော​သူ​လည်း​ဖြစ်​၏။ ငါ​သည် သေ​ခဲ့​၏။ သို့သော် ကြည့်ရှု​လော့။ ငါ​သည် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​လျက်​ရှိ​၏။ သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​၏​သော့​များ​ကို​လည်း ငါ​ကိုင်​ထား​၏။


စမုရန​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​သူ၊ သေ​ခဲ့​သော်လည်း ပြန်၍​အသက်ရှင်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။