ဤနေ့သည် သင်တို့အတွက် အောက်မေ့ဖွယ်နေ့ဖြစ်၏။ ဤနေ့တွင် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ထိုပွဲတော်ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် ကျင်းပရမည်။
ရောမ 14:6 - မြန်မာ့စံမီသမ္မာကျမ်း နေ့ရက်ကိုစောင့်ထိန်းသောသူသည် သခင်ဘုရားအတွက်စောင့်ထိန်း၏။ စားသောသူသည်လည်း သခင်ဘုရားအတွက်စား၏။ အကြောင်းမူကား သူသည် ဘုရားသခင်ကိုကျေးဇူးတင်၏။ မစားသောသူသည်လည်း သခင်ဘုရားအတွက်မစားဘဲနေ၍ ဘုရားသခင်ကိုကျေးဇူးတင်၏။ Common Language Bible နေ့ထူးနေ့မြတ်ကိုစောင့်ထိန်းသူသည်သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် စောင့်ထိန်းခြင်းဖြစ်၏။ မည်သည့်အစားအစာ များကိုမဆိုစားတတ်သူသည်လည်း သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် စားခြင်းဖြစ်သည်။ သူသည်လည်းထိုအစား အစာအတွက်ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်းသည်။ အချို့သောအစား အစာကိုရှောင်ကြဉ်သောသူသည်လည်း သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် ရှောင်ကြဉ်ခြင်းဖြစ်၏။ သူသည်လည်းဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း သည်။- Garrad Bible နေ့ ကို ထောက် သူ သည် အ ရှင် ဘု ရား အ ဖို့ ထောက် သည့် အ လျောက် စား သူ သည် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း သည် နှင့် အ ရှင် ဘု ရား အ ဖို့ စား၏။ မ စား သူ လည်း အ ရှင် ဘု ရား အ ဖို့ ရှောင် လျက် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း၏။ Judson Bible နေ့ရက်ကိုစောင့်သောသူသည် သခင်ဘုရားကို ထောက်၍ စောင့်၏။ နေ့ရက်ကို မစောင့်သောသူသည်လည်း၊ သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။ စားသောသူသည် သခင်ဘုရားကို ထောက်သောစိတ်နှင့် စား၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မစားသောသူသည်လည်း၊ သခင်ဘုရားကို ထောက်သောစိတ်နှင့် မစားဘဲနေ၍၊ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း နေ့တစ်နေ့ကို အထူးနေ့အဖြစ် အလေးထားသောသူသည် ဘုရားသခင်ကို ထောက်၍ အလေးထားခြင်း ဖြစ်၏။ အစားအစာအားလုံးကို စားသောသူသည် ဘုရားသခင်ကို ထောက်၍ စားခြင်း ဖြစ်၏။ သူသည် ထိုအစာအတွက် ဘုရားသခင်ကို ကျေးဇူးတင်၏။ မစားသောသူသည်လည်း ဘုရားသခင်ကို ထောက်၍ မစားဘဲနေခြင်း ဖြစ်၏။ သူသည်လည်း ဘုရားသခင်ကို ကျေးဇူးတင်၏။ |
ဤနေ့သည် သင်တို့အတွက် အောက်မေ့ဖွယ်နေ့ဖြစ်၏။ ဤနေ့တွင် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ထိုပွဲတော်ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် ကျင်းပရမည်။
ထိုညသည် အီဂျစ်ပြည်မှ သူတို့ကိုထုတ်ဆောင်ရန် ထာဝရဘုရားစောင့်စားခဲ့သောညဖြစ်၏။ ထိုညသည် အစ္စရေးအမျိုးသားအပေါင်းတို့ မျိုးဆက်အစဉ်အဆက်ထာဝရဘုရားအဖို့ စောင့်ထိန်းရသောညဖြစ်၏။
မောရှေက “ချန်ထားသောမုန့်ကို ယနေ့စားကြလော့။ ယနေ့သည် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၍ ထိုမုန့်ကို ယနေ့ မြေပေါ်၌တွေ့ရမည်မဟုတ်။
ငါနှစ်သက်သောအစာရှောင်ခြင်းကား ဤသို့လော။ လူသည် မိမိကိုယ်မိမိနှိမ့်ချ၍ ကျူပင်ကဲ့သို့ ခေါင်းကိုကိုင်းညွတ်ကာ လျှော်တေနှင့်ပြာအပေါ်လဲလျောင်းသောနေ့လော။ ဤသည်ကို အစာရှောင်ရာနေ့၊ ထာဝရဘုရားလက်ခံတော်မူသောနေ့ဟု သင်တို့ခေါ်မည်လော။
ဂျေရုဆလင်မြို့မှစ၍ ယုဒပြည်၌ရှိသမျှသောအိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ သန့်ရှင်းလိမ့်မည်။ ယဇ်ပူဇော်သောသူအပေါင်းတို့သည် လာ၍ ထိုအိုးတို့ကို ယူပြီး ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့ရက်တွင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်၌ ခါနာန်လူမျိုးဟူ၍ ရှိတော့မည်မဟုတ်။
ထို့နောက် လူထုပရိသတ်တို့ကို မြက်ခင်းပေါ်ထိုင်ကြရန် အမိန့်ပေးတော်မူ၍ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူလျက် မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ဝေပေးကြ၏။
မုန့်ခုနစ်လုံးနှင့် ငါးတို့ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ၎င်းတို့ကိုဖဲ့ကာ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ဝေပေးကြ၏။
သူတို့ကလည်း “ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်တို့သည် မည်သည့်အရာကို ပြုရပါမည်နည်း”ဟု မေးလျှောက်ကြ၏။
သင်တို့သည် နေ့ရက်များ၊ လများ၊ အချိန်အခါများနှင့် နှစ်များကို စောင့်ထိန်းကြပြီတကား။