သင်တို့သည် ငါမနာကျင်စေလိုသော ဖြောင့်မတ်သူတို့ကို လိမ်ညာနာကျင်စေခဲ့ပြီ။ ဆိုးယုတ်သောသူတို့ အသက်ချမ်းသာရာရရန် မကောင်းသောလမ်းမှ ပြန်မလှည့်စေဘဲ သူတို့ဆိုးယုတ်သည်ကို သင်တို့အားပေးအားမြှောက်ပြုလေပြီ။
ရောမ 14:15 - မြန်မာ့စံမီသမ္မာကျမ်း အစားအစာကြောင့် သင်၏ညီအစ်ကိုကို ဝမ်းနည်းစေလျှင် သင်သည် မေတ္တာဖြင့် အသက်ရှင်လျှောက်လှမ်းသည်မဟုတ်တော့ပေ။ ခရစ်တော်က ကိုယ်စားအသေခံပေးတော်မူသော သင့်ညီအစ်ကိုကို သင်၏အစားအစာကြောင့် မပျက်စီးစေနှင့်။ Common Language Bible အကယ်၍သင်သည်မိမိစားသောအစား အစာအားဖြင့်ညီအစ်ကိုတစ်စုံတစ်ယောက် အားစိတ်အနှောင့်အယှက်ဖြစ်စေပါမူ ထို သူ၏အပေါ်တွင်မေတ္တာတရားကင်းမဲ့စွာ ပြုကျင့်ရာရောက်၏။ ထိုသူ၏အတွက်ခရစ် တော်သည်အသေခံတော်မူခဲ့သည်ဖြစ်ရာ တစ်စုံတစ်ခုသောအစားအစာကိုသင် စားခြင်းကြောင့်ထိုသူအားအကျိုးမနည်း စေနှင့်။- Garrad Bible စား ဖွယ် ခဲ ဖွယ် အ ကြောင်း ကြောင့် သင့် ညီ အစ် ကို စိတ် နာ လျှင် သင် သည် မေ တ္တာ တ ရား အ လျောက် ကျင့် ကြံ ပြု မူ တော့ သည် မ ဟုတ် ပြီ။ ခ ရစ် တော် အ သေ ခံ တော် မူ ရ သော သူ့ ကို သင့် စား ဖွယ် ခဲ ဖွယ် ကြောင့် ပျက် စီး ရာ မ ရောက် စေ နှင့်။ Judson Bible သင်၏ညီအစ်ကိုသည် သင်စားသော အစာကြောင့် စိတ်နာရလျှင်၊ သင်သည် မေတ္တာတရားကို မကျင့်။ ခရစ်တော်သည် အသေခံတော်မူသော ကျေးဇူးတော်ကို ခံသောသူကို သင်၏အစာအားဖြင့် အကျိုးမနည်းစေနှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အခြားယုံကြည်သောသူတစ်ယောက်သည် သင်စားသောအစာကြောင့် စိတ်အနှောင့်အယှက်ဖြစ်လျှင် သင်သည် မေတ္တာတရားဖြင့် အသက်ရှင်နေထိုင်ရာ မကျတော့ပေ။ ထိုသူအတွက် ခရစ်တော်အသေခံပေးတော်မူခဲ့သည်ဖြစ်ရာ သင်စားသောအစားအစာကြောင့် သူ့ကို မပျက်စီးစေနှင့်။ |
သင်တို့သည် ငါမနာကျင်စေလိုသော ဖြောင့်မတ်သူတို့ကို လိမ်ညာနာကျင်စေခဲ့ပြီ။ ဆိုးယုတ်သောသူတို့ အသက်ချမ်းသာရာရရန် မကောင်းသောလမ်းမှ ပြန်မလှည့်စေဘဲ သူတို့ဆိုးယုတ်သည်ကို သင်တို့အားပေးအားမြှောက်ပြုလေပြီ။
ချစ်ခြင်းမေတ္တာသည် ကိုယ့်ဝန်းကျင်၌ရှိသောသူအပေါ် မကောင်းသောအမှုကိုမပြုတတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရား၏ပြည့်စုံရာဖြစ်၏။
အစားအစာကြောင့် ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးနှင့်။ အမှန်စင်စစ် အရာခပ်သိမ်းတို့သည် စင်ကြယ်၏။ သို့သော် တစ်စုံတစ်ဦး၏စားသုံးခြင်းသည် သူတစ်ပါးအတွက်ခလုတ်တံသင်းဖြစ်လျှင် ထိုအမှုအရာသည် အပြစ်ဖြစ်၏။
ငါတို့အသီးသီးသည် မိမိဝန်းကျင်၌ရှိသောသူကိုတည်ဆောက်မြှင့်တင်ပေးရန် သူ၏ကောင်းကျိုးကိုထောက်၍ သူ့ကိုနှစ်သက်စေရမည်။
ငါသည် လူ့ဘာသာစကားနှင့် ကောင်းကင်တမန်၏ဘာသာစကားတို့ကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် မြည်ဟည်းသောကြေးမောင်း၊ သို့မဟုတ် စူးရှစွာမြည်သော လင်းကွင်းကဲ့သို့ဖြစ်၏။
ရုပ်တုအားပူဇော်ထားသောအရာများနှင့်ပတ်သက်၍ ငါတို့အားလုံး၌ အသိပညာရှိကြောင်းကို ငါတို့သိကြ၏။ သို့သော် အသိပညာသည် ထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမူကား တည်ဆောက်မြှင့်တင်ပေးတတ်၏။
ညီအစ်ကိုတို့၊ သင်တို့သည် လွတ်လပ်မှုအတွက် ခေါ်ယူတော်မူခြင်းခံရကြ၏။ သို့သော် ထိုလွတ်လပ်မှုကို သွေးသားဇာတိအတွက် အခွင့်အရေးတစ်ခုအနေဖြင့် မသုံးဘဲ မေတ္တာအားဖြင့် အချင်းချင်းအစေခံကြလော့။
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။
သို့သော် ပရောဖက်အတုအယောင်များသည် လူမျိုးတော်ထဲ၌ပေါ်လာကြသကဲ့သို့ သင်တို့ထဲ၌လည်း ဆရာအတုအယောင်များပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်စေသည့် မှားယွင်းသောအယူဝါဒများကို လျှို့ဝှက်စွာယူဆောင်လာ၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောသခင်ကိုပင် ငြင်းပယ်ကာ မိမိတို့အပေါ် လျင်မြန်သောပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။
ထိုအရှင်သည် ငါတို့အပြစ်များအတွက် အသနားခံခြင်းပူဇော်သက္ကာဖြစ်တော်မူ၏။ ငါတို့အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း ဖြစ်တော်မူ၏။