စိတ်ရှည်သောသူသည် သူရဲကောင်းထက် ပို၍ကောင်း၏။ မိမိ၏စိတ်ကို ထိန်းချုပ်နိုင်သောသူသည်လည်း မြို့ကိုသိမ်းပိုက်နိုင်သောသူထက် ပို၍ကောင်း၏။
ရောမ 12:21 - မြန်မာ့စံမီသမ္မာကျမ်း အဆိုး၏အနိုင်ယူခြင်းကိုမခံဘဲ အကောင်းအားဖြင့် အဆိုးကိုအနိုင်ယူလော့။ Common Language Bible ဆိုးညစ်မှုကိုပြုခြင်းအားဖြင့်အရှုံးမပေး နှင့်။ ကောင်းမြတ်မှုကိုပြုခြင်းအားဖြင့်ဆိုး ညစ်မှုကိုအနိုင်ယူလော့။ Garrad Bible အ ဆိုး ပြု၍ အ ရှုံး မ ခံ နှင့်။ အ ကောင်း ပြု ၍ အ ဆိုး ကို အောင် မြင် လော့။ Judson Bible အဆိုးအားဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မကောင်းမှု၏ အနိုင်ယူခြင်းကို မခံနှင့်။ ကောင်းမှုပြုခြင်းဖြင့် မကောင်းမှုကို အနိုင်ယူလော့။ |
စိတ်ရှည်သောသူသည် သူရဲကောင်းထက် ပို၍ကောင်း၏။ မိမိ၏စိတ်ကို ထိန်းချုပ်နိုင်သောသူသည်လည်း မြို့ကိုသိမ်းပိုက်နိုင်သောသူထက် ပို၍ကောင်း၏။
ထို့ကြောင့် လက်တုံ့မပြန်ဘဲ “သင့်ရန်သူဆာလောင်လျှင် ကျွေးမွေးလော့။ ရေငတ်လျှင် သောက်စရာပေးလော့။ ထိုသို့ပြုခြင်းအားဖြင့် သင်သည် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။”
အထက်အာဏာပိုင်များကို လူတိုင်းနာခံစေ။ အကြောင်းမူကား ဘုရားသခင်ထံမှမဟုတ်သောအာဏာဟူ၍မရှိ။ တည်လျက်ရှိသောအာဏာများသည် ဘုရားသခင်ခန့်အပ်တော်မူရာဖြစ်၏။
သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေဆက်ခံရမည့်အကြောင်း ခေါ်ယူတော်မူခြင်းခံရသည်ဖြစ်၍ အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကဲ့ရဲ့ပြစ်တင်ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ဘဲ ကောင်းချီးကိုသာပေးကြလော့။