သို့သော် ထိုကလေးသည် လက်ကိုပြန်ရုပ်လိုက်ရာ ကျန်တစ်ယောက်သည် သူ့ထက်အလျင်မွေးလာ၏။ ထိုအခါ ဝမ်းဆွဲက “သင်သည် မရမကထိုးဖောက်ထွက်လာပါသည်တကား”ဟု ဆိုလေ၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဖာရက် ဟုမှည့်ခေါ်လေ၏။
ရုသ 4:12 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ဤမိန်းမငယ်အားဖြင့် သင့်အားပေးတော်မူမည့် သင့်အမျိုးအနွယ်သည် ယုဒနှင့်တာမာမှဆင်းသက်သော ဖာရက်အမျိုးအနွယ်ကဲ့သို့ဖြစ်ပါစေသော”ဟု ဆိုကြ၏။ Common Language Bible ဤအမျိုးသမီးအားဖြင့် ထာဝရဘုရား ပေးတော်မူသောသားသမီးများသည် ယုဒ နှင့်တာမာတို့၏သားဖာရက်၏အိမ်ထောင် စုဝင်များကဲ့သို့ဖြစ်ကြပါစေသော'' ဟု ဆိုကြ၏။ Garrad Bible ထာ ဝ ရ ဘု ရား သ နား တော် မူ သ ဖြင့် ဤ မိန်း မ ငယ် မှ ဆင်း သက် သော သင့် အ မျိုး အ နွယ် သည် ယု ဒ မ ယား တာ မာ ဖွား မြင် သော ဖာ ရက် အ မျိုး အ နွယ် နည်း တူ ဖြစ် ပါ စေ သော ဟု ဆို ကြ သ တည်း။ Judson Bible အသက်ပျိုသော ဤမိန်းမတွင်၊ ထာဝရဘုရား ပေးတော်မူလတ္တံ့သော မျိုးစေ့အားဖြင့် သင်၏အမျိုးအနွယ်သည် ယုဒမယားတာမာ ဖွားမြင်သော ဖာရက်အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟု ပြောဆိုကြ၏။ |
သို့သော် ထိုကလေးသည် လက်ကိုပြန်ရုပ်လိုက်ရာ ကျန်တစ်ယောက်သည် သူ့ထက်အလျင်မွေးလာ၏။ ထိုအခါ ဝမ်းဆွဲက “သင်သည် မရမကထိုးဖောက်ထွက်လာပါသည်တကား”ဟု ဆိုလေ၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဖာရက် ဟုမှည့်ခေါ်လေ၏။
ယုဒ၏သားများမှာ ဧရ၊ ဩနန်၊ ရှေလ၊ ဖာရက်၊ ဇေရ တို့ဖြစ်ကြ၏။ ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌သေဆုံးကြ၏။ ဖာရက်၏သားများမှာ ဟေဇရုန်၊ ဟာမုလ တို့ဖြစ်ကြ၏။
ယုဒ၏ချွေးမတာမာသည် ဖာရက်နှင့်ဇေရတို့ကို မွေးဖွား၏။ ထို့ကြောင့် ယုဒတွင် စုစုပေါင်းသားငါးယောက် ရှိ၏။
သူတို့၌ ဝိညာဉ်တော်တစ်စိတ်တစ်ပိုင်းပါလျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းသောအမျိုးအနွယ်ကို အလိုရှိသည်ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ထို့ကြောင့် ကိုယ့်စိတ်ကို ထိန်း၍ ငယ်စဉ်က ပေါင်းဖော်ခဲ့သောမယားကို သစ္စာမဖောက်နှင့်။
ယုဒသည် တာမာအားဖြင့် သားဖာရက်နှင့်ဇာရကိုရ၏။ ဖာရက်သည် သားဟေဇရုံကိုရ၏။ ဟေဇရုံသည် သားအာရံကိုရ၏။
ဧလိကလည်း ဧလကာနနှင့်သူ့မယားအား “ထာဝရဘုရားထံ အပ်နှံထားသောဤသားအစား ထာဝရဘုရားသည် သင့်အား ဤမိန်းမအားဖြင့် သားသမီးများ ထပ်၍ပေးသနားတော်မူပါစေသော”ဟု ကောင်းချီးပေးပြီးမှ သူတို့သည်လည်း မိမိတို့အိမ်သို့ပြန်သွားကြလေ၏။