ရုသ 3:15 - မြန်မာ့စံမီသမ္မာကျမ်း “သင့် ကိုယ်ပေါ်က ခြုံထည်ကို ဖြန့်၍ ကိုင်ထားပါ”ဟု ဆို၏။ ရုသကလည်း ခြုံထည်ကို ဖြန့်၍ကိုင်ထားရာ ဗောဇက မုယောစပါးခြောက်ဧဖာ ခြင်ထည့်ပြီး ရုသအား ပေး၏။ ရုသလည်း ယူ၍ မြို့သို့ပြန်သွားလေ၏။ Common Language Bible ထိုအခါဗောဇကသူ့အား``သင်၏ခြုံထည် ကိုဤနေရာတွင်ဖြန့်လော့'' ဟုဆိုသည် အတိုင်းသူသည်ပြု၏။ ဗောဇသည်မုယော စပါးတစ်တင်းခန့်ကိုလောင်းထည့်ပြီးလျှင် ချီပင့်၍ပေးသဖြင့်ရုသသည်ထိုစပါး ထုပ်နှင့်မြို့သို့ပြန်လေ၏။- Garrad Bible ဗော ဇ က လည်း သင်၌ ပါ သော တ ဘက် ကို ဖြန့် ခင်း လော့ ဟု ဆို၍ ရု သ ဖြန့် ခင်း ရာ၊ မု ယော စ ပါး ခြောက် ပြည် ခြင် ပြီး လျှင် ပေး အပ် ရွက် စေ၏။ Judson Bible တစ်ဖန် သင်၌ပါသော တင်းတိမ်ကိုယူခဲ့၍ ဖြန့်ခင်းတော့ဟု ဆိုသည်အတိုင်း၊ ရုသဖြန့်လျက် မုယောစပါးခြောက်ဩမဲကို ခြင်၍ သူ့အပေါ်မှာတင်သဖြင့်၊ သူသည် မြို့ထဲသို့သွားလေ၏။ |
မြင့်မြတ်သောသူကား မြင့်မြတ်သောအကြံကို ကြံစည်တတ်၏။ မြင့်မြတ်သောအမှု၌ တည်၏။
ထို့ကြောင့် ငါတို့သည် အခါအခွင့်ရသောအခါ လူအပေါင်းတို့အပေါ် အထူးသဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အပေါ် ကောင်းသောအမှုကို ပြုကြကုန်စို့။
ရုသသည် ဗောဇ၏ခြေရင်းတွင် နံနက်တိုင်အောင် အိပ်ပြီး တစ်ယောက်ကိုတစ်ယောက် သိနိုင်သည့်အချိန်မရောက်မီ ထလေ၏။ ဗောဇကလည်း သူ့အား “ဤတလင်းပြင်သို့ သင်လာသည်ကို မည်သူမျှမသိစေနှင့်”ဟု ဆိုပြီးလျှင်
ယောက္ခမထံပြန်ရောက်သောအခါ ယောက္ခမက “ငါ့သမီး၊ မည်သို့နည်း”ဟု မေးသော် ရုသကလည်း ဗောဇပြုပေးခဲ့သမျှကို ပြန်ပြောပြပြီးလျှင်