ထိုစဉ် ဗောဇသည် ဗက်လင်မြို့မှ ရောက်လာ၍ ကောက်ရိတ်သမားတို့အား “ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိပါစေသော”ဟု နှုတ်ဆက်လျှင် သူတို့ကလည်း “ထာဝရဘုရားသည် သခင့်ကို ကောင်းချီးပေးတော်မူပါစေသော”ဟု ပြန်နှုတ်ဆက်ကြ၏။
ရုသ 2:5 - မြန်မာ့စံမီသမ္မာကျမ်း ဗောဇကလည်း မိမိအစေအပါးဖြစ်သည့် အလုပ်သမားခေါင်းဆောင်အား “ထိုအမျိုးသမီးသည် အဘယ်ကနည်း”ဟု မေးလျှင် Common Language Bible ဗောဇသည်အလုပ်သမားခေါင်းဆောင် အား``ထိုသူငယ်မသည်အဘယ်သူဖြစ် ပါသနည်း'' ဟုမေး၏။ Garrad Bible ဤ မိန်း မ ငယ် သည် မည် သူ နှင့် ဆိုင် သ နည်း ဟု လယ် ခေါင်း အား မေး မြန်း သော်၊ Judson Bible ဗောဇကလည်း၊ ထိုမိန်းမငယ်သည် အဘယ်သူနှင့် ဆိုင်သနည်းဟု လယ်ခေါင်းအားမေးသော်၊ |
ထိုစဉ် ဗောဇသည် ဗက်လင်မြို့မှ ရောက်လာ၍ ကောက်ရိတ်သမားတို့အား “ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိပါစေသော”ဟု နှုတ်ဆက်လျှင် သူတို့ကလည်း “ထာဝရဘုရားသည် သခင့်ကို ကောင်းချီးပေးတော်မူပါစေသော”ဟု ပြန်နှုတ်ဆက်ကြ၏။
သူ၏အစေအပါး ကောက်ရိတ်သမားခေါင်းဆောင်က “သူသည် နောမိနှင့်အတူ မောဘပြည်မှလိုက်လာသော မောဘအမျိုးသမီး ဖြစ်ပါ၏။