ထိုတိုင်တို့ကို ဗိမာန်တော်ဆင်ဝင်တွင် စိုက်ထူ၏။ စိုက်ထူထားသောယာဘက်တိုင်ကို ယာခိန် ဟုအမည်ပေးထားပြီး စိုက်ထူထားသောဝဲဘက်တိုင်ကို ဗောဇ ဟုအမည်ပေးထား၏။
ရုသ 2:19 - မြန်မာ့စံမီသမ္မာကျမ်း သူ့ယောက္ခမကလည်း “ယနေ့ သင် အဘယ်မှာကောက်သင်းကောက်ခဲ့သနည်း။ အဘယ်မှာ အလုပ်လုပ်ခဲ့သနည်း။ သင့်ကို ခွင့်ပြုသောသူသည် မင်္ဂလာရှိပါစေသော”ဟု ဆိုလျှင် သူက “ယနေ့ အကျွန်ုပ် အလုပ်လုပ်ခဲ့သောလယ်ကွက်ပိုင်ရှင်၏နာမည်မှာ ဗောဇ ဖြစ်၏”ဟု ဆိုပြီး သူအလုပ်လုပ်ခဲ့သောလယ်ကွက်ပိုင်ရှင်အကြောင်းကို သူ့ယောက္ခမအား ပြောပြ၏။ Common Language Bible နောမိက``သင်သည်ယနေ့အဘယ်မှာကောက် သင်းကောက်ခဲ့ပါသနည်း။ မည်သူ့လယ်တွင် ကောက်ခဲ့ပါသနည်း။ ဘုရားသခင်သည် သင့် ကိုကြည့်ရှုသူအားကောင်းချီးပေးတော် မူပါစေသော'' ဟုဆို၏။ သို့ဖြစ်၍ရုသသည်ဗောဇအမည်ရှိသူလူ တစ်ဦး၏လယ်တွင် မိမိကောက်သင်းကောက်ခဲ့ ကြောင်းကိုနောမိအားပြောပြလေသည်။ Garrad Bible ယ နေ့ အ ဘယ် အ ခင်း တွင် ကောက်၍ လုပ် ဆောင် သ နည်း။ သင့် ကို ကြည့် ရှု သူ၌ မင်္ဂ လာ ရှိ ပါ စေ သော ဟု ယော က္ခ မ ဆို လျှင် ယ နေ့ ကျွန် မ လုပ် ဆောင် သော အ ခင်း ရှင့် အ မည် ကား ဗော ဇ ဖြစ် ပါ သည် ဟု ဆို လျက် အ ခင်း ရှင့် အ မည် ကို ယော က္ခ မ အား ကြား ပြော သော် Judson Bible ယောက္ခမကလည်း၊ ယနေ့ အဘယ်မှာစပါးကျန်ကိုကောက်သနည်း။ အဘယ်မှာလုပ်သနည်း။ သင်သိမှတ်သောသူသည် မင်္ဂလာရှိပါစေသောဟုမြွက်ဆိုလျှင်၊ ရုသက ယနေ့ ကျွန်မလုပ်သောသူ၏အမည်ကား၊ ဗောဇဖြစ်ပါသည်ဟု ယောက္ခမအား ကြားပြောသော်။ |
ထိုတိုင်တို့ကို ဗိမာန်တော်ဆင်ဝင်တွင် စိုက်ထူ၏။ စိုက်ထူထားသောယာဘက်တိုင်ကို ယာခိန် ဟုအမည်ပေးထားပြီး စိုက်ထူထားသောဝဲဘက်တိုင်ကို ဗောဇ ဟုအမည်ပေးထား၏။
ဆင်းရဲသောသူကို ဂရုပြုသောသူသည် မင်္ဂလာရှိ၏။ ဒုက္ခရောက်သောနေ့၌ ထာဝရဘုရားသည် သူ့ကိုလွတ်မြောက်စေတော်မူမည်။
ထာဝရဘုရားသည် သူ့ကိုစောင့်ရှောက်လျက် ဆက်၍အသက်ရှင်စေတော်မူလိမ့်မည်။ သူသည် ပြည်တော်တွင်မင်္ဂလာရှိသူဖြစ်လိမ့်မည်။ ကိုယ်တော်သည် သူ့ကို ရန်သူတို့အလိုအတိုင်းပြုကြစေရန် အပ်တော်မူမည်မဟုတ်။
အို ဘုရားသခင်၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့က သူတို့လက်ထက် ရှေးကာလ၌ ကိုယ်တော်ပြုတော်မူသောအမှုကို အကျွန်ုပ်တို့အားပြောပြကြ၍ အကျွန်ုပ်တို့၏နားဖြင့် ကြားရကြပါ၏။
ရုသကလည်း မြေမှာပျပ်ဝပ်လျက် “တစ်ပါးအမျိုးသားဖြစ်သောအကျွန်ုပ်ကို သခင်က အဘယ်ကြောင့် အသိအမှတ်ပြုမျက်နှာသာပေးပါသနည်း”ဟု မေးရာ