ငါသည် သင်၏ပူဇော်သက္ကာများအတွက် သင့်ကိုဆုံးမသည်မဟုတ်။ သင်၏မီးရှို့ရာယဇ်တို့သည်လည်း ငါ့ရှေ့၌အစဉ်မပြတ်ရှိကြ၏။
ယေရမိ 7:21 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့ပူဇော်သောယဇ်တို့တွင် မီးရှို့ရာယဇ်ကို ပေါင်းထည့်လော့။ အသားကို စားကြလော့။ Common Language Bible ဤသို့လျှင်အနန္တတန်ခိုးရှင်ဣသရေလ လူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။ ``ငါ၏လူမျိုးတော်၊ သင်တို့ သည်မိမိတို့စားခွင့်ရှိသည့်ယဇ်များရှိ သလိုယဇ်ပလ္လင်ပေါ်တွင်တင်၍ တစ်ကောင် လုံးမီးရှို့ပူဇော်သည့်ယဇ်များလည်းရှိ သည်။ ထိုယဇ်နှစ်မျိုးစလုံးကိုပင်စား ကြလော့။- Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ အ မျိုး၏ ဘု ရား သ ခင် မိန့် တော် မူ သည် မှာ၊ မိတ် သ ဟာ ယ ယဇ် အ သား မ က၊ မီး ရှို့ ရာ သ က္ကာ အ သား ကို လည်း စား ကြ ဦး လော့။ Judson Bible ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ မီးရှို့ရာယဇ်များကို အခြားသောယဇ်များနှင့် အတူထား၍၊ အမဲသားကို စားကြလော့။ |
ငါသည် သင်၏ပူဇော်သက္ကာများအတွက် သင့်ကိုဆုံးမသည်မဟုတ်။ သင်၏မီးရှို့ရာယဇ်တို့သည်လည်း ငါ့ရှေ့၌အစဉ်မပြတ်ရှိကြ၏။
သင်သည် မီးရှို့ရာယဇ်အတွက် သိုးကို ငါ့ထံသို့မယူဆောင်ခဲ့။ ယဇ်ပူဇော်ခြင်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းခြင်းမပြု။ ငါသည် ပူဇော်သက္ကာအားဖြင့် သင့်ကို ဝန်လေးစေသည်မဟုတ်။ လော်ဗန်အားဖြင့်လည်း သင့်ကို ပင်ပန်းစေခဲ့သည်မဟုတ်။
သူတို့အစာရှောင်အော်ဟစ်လျှင်လည်း ငါနားညောင်းမည်မဟုတ်။ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လျှင်လည်း ငါလက်ခံမည်မဟုတ်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သူတို့ကို ငါဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူ၏။
ငါ့ထံ သင်တို့ယူလာသော ရှေဘပြည်မှလော်ဗန်၊ ဝေးသောပြည်မှမွှေးကြိုင်သောခါနဲကို ငါဘာလုပ်ရမည်နည်း။ သင်တို့၏မီးရှို့ရာယဇ်ကို ငါလက်မခံ။ သင်တို့၏ပူဇော်သက္ကာကို ငါမနှစ်သက်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက သင်တို့သည် အသွေးကိုစားလျက်၊ ရုပ်တုကိုမျှော်ကြည့်လျက်၊ အသက်ကိုသတ်လျက်နှင့်ပင် ထိုပြည်ကို ပိုင်ဆိုင်လိုသေးသလော။
သူတို့သည် ငါ့ထံ လှူဖွယ်ဝတ္ထုများကို ပူဇော်သောအခါ ယဇ်ကောင်များကိုပူဇော်၍ အသားကို စားကြ၏။ ထိုပူဇော်သက္ကာတို့ကို ထာဝရဘုရား လက်ခံတော်မမူ။ သူတို့၏ဒုစရိုက်ကို မှတ်ထားပြီး သူတို့၏အပြစ်ကို ဒဏ်ခတ်မည်။ သူတို့ကို အီဂျစ်ပြည်သို့ ပြန်သွားစေမည်။
မီးရှို့ရာယဇ်ကောင်၏အသားနှင့်သွေးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ ပူဇော်ရမည်။ ယဇ်ကောင်၏သွေးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ သွန်း၍ အသားကိုစားရမည်။