တိုင်တစ်တိုင်စီ၏အမြင့်မှာ တစ်ဆယ့်ရှစ်တောင်ရှိ၏။ တိုင်၏လုံးပတ်မှာ တစ်ဆယ့်နှစ်တောင်ရှိ၏။ လက်လေးသစ်အထူရှိ၍ အခေါင်းပေါက်ပါရှိ၏။
တိုင်ကြီးနှစ်လုံးသည်ဆင်တူဖြစ်၍အမြင့် နှစ်ဆယ့်ခုနစ်ပေ၊ လုံးပတ်တစ်ဆယ့်ရှစ်ပေ ရှိ၏။ ထိုတိုင်တို့သည်ခေါင်းပွဖြစ်၍ဒုသုံး လက်မရှိလေသည်။ ကြေးဝါတိုင်ထိပ်ပိုင်း များသည်အမြင့်ပေခုနစ်ပေခွဲစီရှိ၍ ယင်း တို့၏ပတ်လည်တွင်သလဲသီးများနှင့်တန် ဆာဆင်ထားသောကွန်ရွက်များရှိ၏။ ယင်း တို့အားလုံးကိုကြေးဝါများနှင့်ပြုလုပ် ထား၏။-
တိုင် များ ဆို သော်၊ တစ် တိုင် လျှင် အ မြင့် ဆယ့် ရှစ် တောင်၊ လုံး ပတ် ဆယ့် နှစ် တောင်၊ ထု လေး သစ် အ ခေါင်း ပါ ၏။
တိုင်အမြင့်ကား၊ တစ်ဆယ်ရှစ်တောင်ရှိ၏။ လုံးပတ်မှုကား၊ တစ်ဆယ်နှစ်တောင် ရှည်သော ကြိုးတစ်ပတ်ရှိ၏။ ခေါင်းပွဖြစ်၍ ဒုလေးသစ်ရှိ၏။
တိုင်တစ်တိုင်စီ၏အမြင့်မှာ တစ်ဆယ့်ရှစ်တောင်ရှိပြီး တိုင်ထိပ်တွင် ကြေးနီတိုင်အုပ် ပါရှိ၏။ ထိုတိုင်အုပ်သည်လည်း အမြင့်သုံးတောင်ရှိပြီး တိုင်အုပ်ပတ်ပတ်လည်တွင်လည်း ကြေးနီအတိပြီးသောရာဇမတ်ကွက်နှင့်သလဲသီးပုံများလည်း ပါရှိ၏။ ထိုနည်းတူ ဒုတိယတိုင်တွင်လည်း ရာဇမတ်ကွက်များ ပါရှိ၏။