ဘေဘီလုံမြို့တစ်မြို့လုံးသိမ်းပိုက်ခံရကြောင်းကို ခြေမြန်တော်တစ်ယောက်မှ တစ်ယောက်၊ စေတမန်တစ်ယောက်မှ တစ်ယောက် တစ်ဆင့်ပြီးတစ်ဆင့် ဘေဘီလုံဘုရင်ထံ သတင်းပို့ကြ၏။
ဗာဗုလုန်မြို့သည်အဘက်ဘက်မှပြိုကျလျက် ရှိကြောင်းဗာဗုလုန်ဘုရင်အားမင်းလုလင်တို့ သည် တစ်ဦးပြီးတစ်ဦးလာရောက်လျှောက်ထား ကြ၏။-
အ ရပ် ရပ်၌ မြို့ တော် ကို သိမ်း ယူ ခြင်း၊ ကူး တို့ ဆိပ် များ ကို ရ ခြင်း၊ ကျုံး ပတ် လည် မီး လောင် ခြင်း၊ စစ် သူ ရဲ တို့ ကြောက် လန့် ခြင်း သ တင်း ကို၊ ဗာ ဗု လုန် ဘု ရင် အား တင် လျှောက် ရန်၊ ခြေ လျင် နှင့် တ မန် အ ဆင့် ဆင့် တို့ အ သော့ သွား ၍ တွေ့ ဆုံ ကြ ၏။
ရန်သူတို့သည် မြို့တော်ကို တစ်ဖက်တစ်ချက်တိုက်ဝင်ကြပြီ ဟူ၍လည်းကောင်း၊ လမ်းဝကို ပိတ်ထား၍ ရေကန်နားမှာ မီးရှို့ကြောင်းနှင့်၊ စစ်သူရဲတို့သည် ကြောက်လန့်လျက်ရှိကြပြီ ဟူ၍လည်းကောင်း၊ ဗာဗုလုန်ရှင်ဘုရင်အား ကြားလျှောက်အံ့သောငှာ၊ မင်းလုလင်ချင်း တစ်ယောက်ကိုတစ်ယောက်၊ စေလွှတ်သူချင်း တစ်ယောက်ကိုတစ်ယောက် တွေ့ကြုံလျက် ပြေးလာကြ၏။
ဆက်သားတို့သည် ရှင်ဘုရင်နှင့်မှူးမတ်တို့ထံမှ စာကိုယူ၍ အစ္စရေးပြည်နှင့်ယုဒပြည်တစ်လျှောက်လုံးသို့သွား၏။ ရှင်ဘုရင်၏အမိန့်တော်စာတွင် “အို အစ္စရေးအမျိုးသားတို့၊ အာဗြဟံ၊ ဣဇက်နှင့် အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လာကြလော့။ သို့မှ အဆီးရီးယားဘုရင်တို့လက်မှလွတ်မြောက်၍ ကြွင်းကျန်သောသင်တို့ထံသို့ ကိုယ်တော်ပြန်လာတော်မူမည်။
ထိုစာကို အာရွှေရုမင်းကြီး၏နာမည်နှင့် ရေးသား၍ ဘုရင်၏တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ပြီးလျှင် ခြေမြန်တော်တို့အား ဘုရင့်မြင်းဇောင်းတွင်မွေးထားသော၊ အပြေးမြန်သောမြင်းတို့ကိုစီးစေ၍ ပေးပို့စေ၏။
ရှင်ဘုရင်၏အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် တော်ဝင်မြင်းများကို ဒုန်းစိုင်းစီးထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင်လည်း ကြေညာ၏။
ငါ၏နေ့ရက်တို့သည် အပြေးသမားထက်ပင် လျင်မြန်၏။ မည်သည့်ကောင်းကျိုးချမ်းသာကိုမျှမတွေ့မမြင်ရဘဲ ကုန်လွန်သွားကြ၏။
ပျက်စီးခြင်းတစ်ခုပြီးတစ်ခု လိုက်လာပြီ။ တစ်ပြည်လုံး ဖျက်ဆီးခြင်းခံရပြီ။ ငါ့တဲတို့သည် ရုတ်တရက်ဖျက်ဆီးခြင်းခံရပြီ။ ငါ့ရွက်ထည်တို့သည် တစ်ခဏချင်းတွင် ဖျက်ဆီးခြင်းခံရပြီ။
ထာဝရဘုရားက “ ‘ဘေဘီလုံမြို့ သိမ်းပိုက်ခံရပြီ။ ဗေလဘုရား အရှက်ကွဲလေပြီ။ မေရောဒပ်ဘုရား ကြောက်လန့်လေပြီ။ ဘေဘီလုံရုပ်တုတို့ အရှက်ကွဲလေပြီ။ ဆင်းတုတို့ ကြောက်လန့်လေပြီ’ဟု ကြွေးကြော်ကြေညာလော့။ အချက်ပြအလံကို လွှင့်ထူပြီး မကွယ်မဝှက်ဘဲ လူမျိုးတကာတို့အား ပြောကြားကြလော့။
အို ဘေဘီလုံမြို့၊ သင်သည် ငါထောင်ထားသော ကျော့ကွင်း၌မိပြီ။ သင်သည် ထာဝရဘုရားကို အာခံသောကြောင့် သင်မသိမမြင်လိုက်သောအချိန်တွင်ပင် ကျော့မိလေပြီ။
ထိုသတင်းကိုကြားသောအခါ ဘေဘီလုံဘုရင်သည် လက်များပျော့ခွေသွား၏။ ဆင်းရဲဒုက္ခသည် သူ့ကိုဖိစီးပြီ။ သူသည် သားဖွားမိန်းမကဲ့သို့ဝေဒနာခံစားရပြီ။
ဆိပ်ကမ်းတို့ကို သိမ်းပိုက်ကြပြီ။ ခံတပ်များကို မီးရှို့ပစ်ကြပြီ။ စစ်သူရဲတို့လည်း ဆောက်တည်ရာမရကြောက်လန့်ကြလေပြီ။
ထိုညတွင်ပင် ခါလဒဲဘုရင် ဗေလရှာဇာမင်းကြီး ကွပ်မျက်ခံရလေ၏။