ယေရမိ 51:27 - မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်၌ အချက်ပြအလံကိုလွှင့်ထူကြ။ လူမျိုးတကာတို့ကို တံပိုးမှုတ်သံပေးကြ။ ထိုပြည်ကိုတိုက်ခိုက်ရန် လူမျိုးတကာတို့ကို အသင့်ပြင်ဆင်စေကြ။ အာရရတ်၊ မိန္နိနှင့် အာရှကေနတ် စသော တိုင်းနိုင်ငံတို့ကို ဆင့်ခေါ်ကြ။ စစ်ဦးစီးကိုခန့်ထားကြ။ မြင်းတို့ကို ကျိုင်းကောင်အုပ်ကဲ့သို့ ချီတက်စေကြ။ Common Language Bible ``တိုက်ခိုက်ရန်အချက်ပေးကြလော့။ လူမျိုး တကာတို့ကြားကြစေရန်တံပိုးခရာမှုတ် ကြလော့။ ဗာဗုလုန်မြို့ကိုစစ်ချီရန်လူမျိုး တကာတို့အားအသင့်ပြင်ဆင်စေကြလော့။ အာရရတ်ပြည်၊ မိန္နိပြည်နှင့်အာရှကေနတ် ပြည်တို့အားတိုက်ခိုက်ရန်ပြောကြားကြလော့။ ဦးဆောင်တိုက်ခိုက်နိုင်ရန်စစ်သေနာပတိကို ခန့်ထားကြလော့။ ကျိုင်းကောင်အုပ်ကဲ့သို့မြင်း တို့ကိုချီတက်စေကြလော့။- Garrad Bible မြေ ပေါ် တွင် အ လံ စိုက် ထူ ခြင်း၊ လူ မျိုး ခြား တို့ တွင် တံ ပိုး မှုတ် ခြင်း၊ လူ မျိုး ခြား တို့ ကို ဆန့် ကျင် ဘက် စီ မံ ခြင်း၊ အာ ရ ရတ်၊ မိန္နိ၊ အာ ရှ ကေ နတ် နိုင် ငံ များ ကို စု ရုံး ခြင်း၊ ဗိုလ် ချုပ် ခန့် ထား ခြင်း ပြု လျက်၊ ကျိုင်း ပေါက် အုပ် သ ဖွယ်၊ မြင်း တပ် ကို ချီ တက် ကြ စေ။ Judson Bible ထိုပြည်၌ အလံကိုထူကြလော့။ အပြည်ပြည်တို့၌ တံပိုးကိုမှုတ်၍၊ လူအမျိုးမျိုးတို့ကို သူ၏တစ်ဖက်၌ ပြင်ဆင်ကြလော့။ အာရရတ်ပြည်၊ မိန္နိပြည်၊ အာရှကေနတ်ပြည်တို့ကို သူ၏တစ်ဖက်၌ စည်းဝေးစေကြလော့။ ဗိုလ်ချုပ်မင်းကို ခန့်ထား၍၊ အမွေးကြမ်းသော ကျိုင်းကောင်ကဲ့သို့ မြင်းစီးသူရဲတို့ကို စစ်ချီစေကြလော့။ |
သတ္တမလ၊ တစ်ဆယ့်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်တောင်ရိုးပေါ်မှာ တင်လေ၏။
သူသည် မိမိဘုရား နိသရုတ်ဝတ်ကျောင်း၌ ရှိခိုးကိုးကွယ်နေစဉ် သားတော်အာဒြမ္မေလက်နှင့်ရှရေဇာတို့သည် သူ့ကို ဓားဖြင့်ကွပ်မျက်ပြီးလျှင် အာရရတ်ပြည်သို့ ထွက်ပြေးသွားကြ၏။ သူ၏သားတော်ဧသရဟဒ္ဒုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။
လောကသားအပေါင်းတို့၊ မြေကြီးသားအပေါင်းတို့၊ တောင်များပေါ်တွင် အချက်ပြအလံကိုလွှင့်ထူသောအခါ သင်တို့ကြည့်ကြလော့။ တံပိုးကိုမှုတ်သောအခါ သင်တို့ နားထောင်ကြလော့။
သူသည် မိမိဘုရား နိသရုတ်ဝတ်ကျောင်း၌ ရှိခိုးကိုးကွယ်နေစဉ် သားတော် အာဒြမ္မေလက်နှင့်ရှရေဇာတို့သည် သူ့ကို ဓားဖြင့် သတ်ပြီးလျှင် အာရရတ်ပြည်သို့ ထွက်ပြေးသွားကြ၏။ သူ၏သားတော်ဧသရဟဒ္ဒုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။
လူမျိုးတကာတို့နှင့် တန်ခိုးကြီးသောရှင်ဘုရင်တို့သည် သူတို့အား စေခိုင်းကြလိမ့်မည်။ သူတို့၏အကျင့်အတိုင်း၊ သူတို့၏လုပ်ရပ်အတိုင်း သူတို့ကို ငါပြန်ပေးဆပ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
ထာဝရဘုရားက “သူတို့သည် မရေမတွက်နိုင်အောင် ကျိုင်းကောင်ကဲ့သို့များပြားသဖြင့် ပိန်းပိတ်နေသောအီဂျစ်တောအုပ်ကြီးကို ခုတ်လှဲပစ်ကြလိမ့်မည်။
ထာဝရဘုရားက “ ‘ဘေဘီလုံမြို့ သိမ်းပိုက်ခံရပြီ။ ဗေလဘုရား အရှက်ကွဲလေပြီ။ မေရောဒပ်ဘုရား ကြောက်လန့်လေပြီ။ ဘေဘီလုံရုပ်တုတို့ အရှက်ကွဲလေပြီ။ ဆင်းတုတို့ ကြောက်လန့်လေပြီ’ဟု ကြွေးကြော်ကြေညာလော့။ အချက်ပြအလံကို လွှင့်ထူပြီး မကွယ်မဝှက်ဘဲ လူမျိုးတကာတို့အား ပြောကြားကြလော့။
မြောက်အရပ်မှလူမျိုးတစ်မျိုးသည် ဘေဘီလုံမြို့ကို ချီတက်တိုက်ခိုက်လိမ့်မည်။ ထိုမြို့ကို လူသူကင်းမဲ့ရာဖြစ်စေမည်။ မည်သူမျှ ထိုမြို့၌ နေထိုင်ကြတော့မည်မဟုတ်။ လူမှစ၍ တိရစ္ဆာန်တိုင်အောင် ထွက်ပြေးသွားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ငါသည် မြောက်အရပ်မှ လူမျိုးခြားအစုအဝေးကြီးကို နှိုးဆော်၍ ဘေဘီလုံမြို့သို့ စစ်ချီစေမည်။ သူတို့သည် ဘေဘီလုံမြို့ကို စစ်ခင်းကျင်း၍ သိမ်းပိုက်လိမ့်မည်။ သူတို့ပစ်သောမြားသည် ကျွမ်းကျင်သောလေးသည်တော်ပစ်သောမြားကဲ့သို့ မထိမှန်ဘဲမနေ။
ဘေဘီလုံမြို့ရိုးကိုဖြိုဖျက်ရန် အချက်ပြအလံကို လွှင့်ထူကြ။ အစောင့်များကို ကြပ်ကြပ်ချထားကြ။ ကင်းစောင့်တို့ကိုနေရာချထားကြ။ ကင်းပုန်းများကို ပြင်ဆင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် ဘေဘီလုံမြို့သားများနှင့်ပတ်သက်၍ မိန့်ဆိုထားခဲ့သည့်အတိုင်း ကြံစည်တော်မူမည်၊ ပြုတော်မူမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အကယ်စင်စစ် သင့်နေရာသို့ ကျိုင်းကောင်ကဲ့သို့ လူအုပ်ကြီးကို ရောက်လာစေမည်။ သူတို့သည် စစ်အောင်သံကို ကြွေးကြော်ကြလိမ့်မည်”ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်၍ကျိန်ဆိုတော်မူပြီ။
ထိုပြည်ကိုတိုက်ခိုက်ရန် လူမျိုးတကာတို့ကို အသင့်ပြင်ဆင်စေကြ။ မေဒိဘုရင်များ၊ ဘုရင်ခံများအပါအဝင် မင်းအရာရှိအားလုံးနှင့် လက်အောက်ခံနိုင်ငံအားလုံးကို အသင့်ပြင်ဆင်စေကြ။
အို ဗင်္ယာမိန်အမျိုးသားတို့၊ ဂျေရုဆလင်မြို့မှထွက်၍ လုံခြုံရာသို့ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ အချက်ပြမီးကို မြှောက်ပြကြလော့။ ပျက်စီးခြင်းဘေးအန္တရာယ်ကြီးသည် မြောက်ဘက်အရပ်မှ ထွက်ပေါ်လာပြီ။
လူမျိုးတကာတို့ထံ ဤသို့ကြေညာလော့။ စစ်တိုက်ရန် အသင့်ပြင်ဆင်ကြ။ စစ်သူရဲတို့ကို နှိုးဆော်ကြ။ စစ်သည်အပေါင်းတို့ချီတက်တိုက်ခိုက်ကြ။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။
ငါသည် လူမျိုးတကာတို့ကိုစုဝေး၍ ဂျေရုဆလင်မြို့ကို တိုက်ခိုက်စေမည်။ သူတို့သည် မြို့ကိုသိမ်းပိုက်ပြီး အိမ်တို့ကို မွှေနှောက်လှန်လှောကြလိမ့်မည်။ အမျိုးသမီးတို့ကို အဓမ္မပြုကျင့်ကြလိမ့်မည်။ မြို့သားတစ်ဝက်ကိုလည်း ဖမ်းခေါ်သွားပြီး ကျန်တစ်ဝက်ကို မြို့ထဲ၌ ချန်ထားကြလိမ့်မည်။
သူတို့သည် တိရစ္ဆာန်များ၊ တဲများနှင့်တကွ ချီတက်လာကြ၏။ ကျိုင်းကောင်အုပ်ကြီးသဖွယ် ချီလာ၍ အစ္စရေးပြည်ကို ဖျက်ဆီးကြ၏။ သူတို့နှင့် သူတို့၏ကုလားအုတ်များလည်း မရေတွက်နိုင်အောင် များပြားလှ၏။