ထာဝရဘုရားသည် တိုင်းတစ်ပါးသားတို့ကို စောင့်ရှောက်၍ ဖတဆိုးနှင့်မုဆိုးမကို ကူညီစောင်မတော်မူ၏။ ဆိုးယုတ်သောသူတို့၏လမ်းကိုကား ကွေ့ကောက်စေတော်မူ၏။
ယေရမိ 49:11 - မြန်မာ့စံမီသမ္မာကျမ်း သင်၌ရှိသော မိဘမဲ့ကလေးတို့ကို ထားခဲ့လော့။ ငါကြည့်ရှုမည်။ သင်၌ရှိသောမုဆိုးမတို့သည်လည်း ငါ့ကိုယုံကြည်ကိုးစားကြစေ”ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့၏မိဘမဲ့ကလေးများကိုငါနှင့် ထားခဲ့ကြလော့။ သူတို့အားငါကြည့်ရှု ပြုစုမည်။ သင်တို့၏မုဆိုးမများသည် ငါ့ကိုမှီခိုအားကိုးနိုင်၏။ Garrad Bible ဖ သက် ဆိုး တို့ ကို ကား၊ ငါ့ ထံ အပ် လော့။ ငါ မွေး မြူ မည်။ မု ဆိုး မ တို့ လည်း၊ ငါ၌ အား ထား ကြ စေ ဟု မိန့် တော် မူ ၏။ Judson Bible သင်၌ မိဘမရှိသောသူငယ်တို့ကို ထားခဲ့လော့။ ငါစောင့်မမည်။ သင်၏မုဆိုးမတို့သည် ငါ့ကိုခိုလှုံကြစေ။ |
ထာဝရဘုရားသည် တိုင်းတစ်ပါးသားတို့ကို စောင့်ရှောက်၍ ဖတဆိုးနှင့်မုဆိုးမကို ကူညီစောင်မတော်မူ၏။ ဆိုးယုတ်သောသူတို့၏လမ်းကိုကား ကွေ့ကောက်စေတော်မူ၏။
ဖတဆိုးတို့၏ဖခင်၊ မုဆိုးမတို့အတွက်တရားစီရင်ပေးသောအရှင်မှာ မိမိ၏သန့်ရှင်းသောကိန်းဝပ်ရာအရပ်၌ ရှိတော်မူသော ဘုရားသခင်ပေတည်း။
ဆင်းရဲသောသူနှင့်မိဘမဲ့သူအတွက် တရားစီရင်ပေးကြလော့။ အဖိနှိပ်ခံရသောသူနှင့်ဆင်းရဲသားအတွက် ဖြောင့်မတ်စွာစီရင်ပေးကြလော့။
အဆီးရီယားပြည်သည် အကျွန်ုပ်တို့ကို မကယ်တင်နိုင်ပါ။ အကျွန်ုပ်တို့သည် မြင်းမစီးတော့ပါ။ ကိုယ့်လက်ဖြင့်လုပ်သောအရာတို့ကို ‘အကျွန်ုပ်တို့၏ဘုရား’ဟု မဆိုတော့ပါ။ အကြောင်းမူကား ကိုယ်တော်သည် ဖတဆိုးတို့ကို သနားစုံမက်တော်မူပါ၏”ဟု လျှောက်ဆိုလော့။
ငါသည် တိရစ္ဆာန်အများအပြားကို မဆိုထားနှင့်၊ မိမိလက်ဝဲလက်ယာကိုပင် ခွဲခြားမသိနိုင်သောလူတစ်သိန်းနှစ်သောင်းကျော်ရှိသောနိနေဝေမြို့ကြီးကို နှမြောသင့်သည်မဟုတ်လော”ဟု မိန့်တော်မူ၏။
မုဆိုးမ၊ ဖတဆိုး၊ တိုင်းတစ်ပါးသားနှင့် ဆင်းရဲသားတို့ကို မနှိပ်စက်ရ။ သင်တို့စိတ်နှလုံးထဲ၌ တစ်ဦးကိုတစ်ဦး မကောင်းသောအကြံ မကြံစည်ရ’ဟု မိန့်တော်မူ၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဖတဆိုးနှင့်မုဆိုးမတို့အတွက် တရားသဖြင့်စီရင်သောအရှင်၊ တိုင်းတစ်ပါးသားကိုချစ်၍ အစားအစာနှင့် အဝတ်အစားတို့ကို ပေးသနားတော်မူသောအရှင်ဖြစ်တော်မူ၏။
အမှန်တကယ်မုဆိုးမဖြစ်ပြီး တစ်ဦးတည်းကျန်ရစ်သောအမျိုးသမီးသည် ဘုရားသခင်ကိုမျှော်လင့်အားထားလျက် နေ့ရောညပါ အသနားခံခြင်းနှင့်ဆုတောင်းခြင်းတို့ကို စွဲမြဲစွာပြုတတ်၏။
ခမည်းတော်ဘုရားသခင်ရှေ့တော်၌ စင်ကြယ်၍ညစ်ညူးခြင်းကင်းသော ဘာသာတရားကိုင်းရှိုင်းမှုဟူသည်မှာ ဆင်းရဲဒုက္ခခံရသော မိဘမဲ့ကလေးနှင့်မုဆိုးမတို့ကို ကြည့်ရှုခြင်း၊ လောကီအညစ်အကြေးတို့နှင့်ကင်းစင်စေရန် မိမိကိုယ်ကိုစောင့်ထိန်းခြင်းတို့ပင်ဖြစ်၏။