“မုရန်၊ လော်ဗန်တို့မှစ၍ ကုန်သည်တို့၏နံ့သာမှုန့်အမျိုးမျိုးတို့ရနံ့နှင့် သင်းထုံနေသောမီးခိုးလုံးကဲ့သို့ တောကန္တာရမှတက်လာသောသူကား မည်သူနည်း။
ယေရမိ 46:7 - မြန်မာ့စံမီသမ္မာကျမ်း နိုင်းမြစ်ရေကဲ့သို့ ဟုန်းဟုန်းထနေသောသူကား မည်သူနည်း။ မြစ်ရေကဲ့သို့ လှုပ်ခါနေသောသူကား မည်သူနည်း။ Common Language Bible ရေလျှံသောမြစ်ကဲ့သို့လည်းကောင်း၊ နိုင်းမြစ်ရေကဲ့သို့လည်းကောင်း၊ ချီတက်လာသူကားအဘယ်သူနည်း။ Garrad Bible နိ လ မြစ် တက် သ ကဲ့ သို့ တက် ခြင်း၊ လက် ကြား ရေ ခတ် သ ကဲ့ သို့ ခတ် ခြင်း ကို ပြု သူ ကား၊ မည် သူ နည်း။ Judson Bible နိလမြစ် ထသကဲ့သို့လည်းကောင်း၊ မြစ်ရေ စီးသကဲ့သို့လည်းကောင်း တက်လာသော ဤသူကား အဘယ်သူနည်း။ |
“မုရန်၊ လော်ဗန်တို့မှစ၍ ကုန်သည်တို့၏နံ့သာမှုန့်အမျိုးမျိုးတို့ရနံ့နှင့် သင်းထုံနေသောမီးခိုးလုံးကဲ့သို့ တောကန္တာရမှတက်လာသောသူကား မည်သူနည်း။
“ကိုယ့်ချစ်သူကိုမှီ၍ တောကန္တာရမှလာသောသူကား မည်သူနည်း။” “ပန်းသီးပင်အောက်တွင် အရှင့်ကို အကျွန်ုပ်နှိုးခဲ့ပြီ။ ထိုအရပ်တွင် အရှင့်မိခင်သည် အရှင့်ကိုသန္ဓေတည်ခဲ့ပါ၏။ အရှင့်ကို သန္ဓေလွယ်၍ ဖွားမြင်ခဲ့ပါ၏။
အနီရောင်ဝတ်ရုံကိုဝတ်လျက် ဧဒုံပြည်၊ ဗောဇရမြို့မှလာသော ဤသူကား မည်သူနည်း။ ထည်ဝါသောအဝတ်တန်ဆာကိုဆင်လျက် ကြီးမားသောခွန်အားနှင့် ချီတက်လာသော ဤသူကား မည်သူနည်း။ ဖြောင့်မတ်စွာမိန့်ဆိုသော၊ ကယ်တင်နိုင်စွမ်းရှိသော ငါပင်ဖြစ်၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ ရေသည် မြောက်အရပ်မှတက်လာ၍ မြစ်ရေလျှံသကဲ့သို့ လျှံတက်လိမ့်မည်။ ထိုရေသည် ပြည်နှင့်ထိုပြည်၌ရှိသမျှ၊ မြို့နှင့်မြို့သားရှိသမျှတို့ကို လွှမ်းမိုးလိမ့်မည်။ လူတို့ အော်ဟစ်ကြလိမ့်မည်။ ပြည်သူပြည်သားတို့ ညည်းတွားငိုကြွေးကြလိမ့်မည်။
“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးအတွက် ငိုကြွေးမြည်တမ်းလျက် ‘သင်သည် လူမျိုးတကာတို့တွင် ခြင်္သေ့ပျိုနှင့်တူ၏။ မြစ်ချောင်းတို့တွင် ကူးခတ်သွားလာပြီး ထိုမြစ်ချောင်းတို့ကို ခြေဖြင့်မွှေနှောက်ကာ နောက်ကျိစေသော ပင်လယ်မြွေနဂါးနှင့်တူ၏’ဟု သူ့အား ဆင့်ဆိုလော့။
သူ၏သားတော်တို့သည် စစ်တိုက်ရန် လှုံ့ဆော်ပြီး စစ်သည်အလုံးအရင်းကို စုစည်းမည်။ ထို့နောက် ရေလွှမ်းမိုးပြီးတိုက်ချသွားသကဲ့သို့ စစ်ချီတိုက်ခိုက်မည်။ ထိုမှ ခံတပ်သို့အပြန်လမ်းတစ်လျှောက်တွင်လည်း တိုက်ခိုက်သွားလိမ့်မည်။
သူ့ရှေ့မှာပင် စစ်သည်အလုံးအရင်းနှင့်အတူ မဟာမိတ်မင်းသည်လည်း ရေလွှမ်းမိုးသကဲ့သို့ တိုက်စားသွားခြင်းခံရ၍ ပျက်စီးသွားရလိမ့်မည်။
ခြောက်ဆယ့်နှစ်သီတင်းလွန်လျှင် ဘိသိက်ခံမင်းသည် မည်သည့်အရာမျှမကျန်ဘဲ ပယ်ရှင်းခြင်းခံရလိမ့်မည်။ နောက်တက်လာမည့်မင်း၏လူတို့သည် မြို့နှင့် သန့်ရှင်းရာဌာနကို ဖျက်ဆီးပစ်လိမ့်မည်။ အဆုံးသည် ရေလွှမ်းမိုးသကဲ့သို့ ရောက်လာလိမ့်မည်။ အဆုံးသို့မရောက်မချင်း စစ်မက်ဖြစ်ပွားလိမ့်မည်။ ဤသို့ ပျက်စီးခြင်းကို စီရင်ထားတော်မူပြီ။
ထိုအကြောင်းကြောင့် ပြည်သည် ထိတ်လန့်တုန်လှုပ်၍ ပြည်သားတို့လည်း ငိုကြွေးမြည်တမ်းရမည် မဟုတ်လော။ တစ်ပြည်လုံးသည် နိုင်းမြစ်ကဲ့သို့ လှိုင်းထပြီး အီဂျစ်မြစ်ရေကဲ့သို့ လှုပ်ခါ၍ ပြန်ဆုတ်သွားလိမ့်မည် မဟုတ်လော။
မြွေသည် ထိုအမျိုးသမီးကို ရေ၌မျောပါသွားစေရန် သူ၏နောက်တွင် ရေကို မြစ်သဖွယ် မိမိခံတွင်းထဲမှ မှုတ်ထုတ်လိုက်၏။