ငါသည် သင်တို့အား သနားစုံမက်မည်။ သို့ဖြစ်၍ ထိုဘုရင်သည် သင်တို့ကို သနားစုံမက်၍ သင်တို့နေရင်းပြည်သို့ သင်တို့ကို ပြန်လာစေမည်’ဟု မိန့်တော်မူပြီ။
ငါသည်သင်တို့အပေါ်၌ကရုဏာထားသော ကြောင့် သူ့အားသင်တို့ကိုကရုဏာထား၍မိ မိတို့ပြည်သို့ပြန်ခွင့်ပြုစေမည်။ ဤကားငါ ထာဝရဘုရားမြွက်ဟသောစကားဖြစ်၏'' ဟုမိန့်တော်မူလေပြီ။
ထို မင်း သည်၊ သ နား ၍ နေ ရင်း ပြည် သို့ ပြန် ပို့ စေ ခြင်း ငှာ၊ သင် တို့ အ ပေါ် တွင် ငါ က ရု ဏာ သက် မည် ဟု မိန့် တော် မူ ၏။
သင်တို့ကို ငါကယ်မသနားသောအားဖြင့်၊ ထိုရှင်ဘုရင်သည် သင်တို့ကိုသနား၍၊ နေရင်းပြည်သို့ ပြန်စေရလိမ့်မည်။
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။