ကိုယ်တော်သည် ဖျက်ဆီးတတ်သော ကောင်းကင်တမန်တပ်ဖွဲ့အားဖြင့် မိမိ၏ပြင်းထန်သောအမျက်၊ ဒေါသ၊ အမျက်မာန်ဟုန်နှင့်ဆင်းရဲဒုက္ခကို သူတို့ထံသို့စေလွှတ်တော်မူ၏။
ယေရမိ 4:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် လျှော်တေအဝတ်ကိုဝတ်၍ ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည် ငါတို့ထံမှ ပြန်လှည့်မသွားသေးပေ။ Common Language Bible သို့ဖြစ်၍လျှော်တေကိုဝတ်၍ငိုကြွေးမြည် တမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်၊ထာဝရဘုရား၏ ပြင်းထန်သောအမျက်တော်သည် ယုဒပြည်သို့ဦးတည်လျက်ရှိနေသေး သောကြောင့်ဖြစ်၏။ Garrad Bible ထို အ မှု ကို ထောက်၍ လျှော် တေ ဝတ် လျက်၊ အော် ဟစ် မြည် တမ်း ကြ လော့။ ထာ ဝ ရ ဘု ရား၏ အ မျက် တော် ရှိန် သည်၊ ငါ တို့ အ ပေါ် မှ မ လွှဲ သေး။ Judson Bible ထိုအကြောင်းကြောင့် လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ငိုကြွေးမြည်တမ်း၍ အော်ဟစ်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ ပြင်းစွာသော အမျက်တော်သည် ငါတို့မှလွှဲရှောင်၍မသွားသေး။ |
ကိုယ်တော်သည် ဖျက်ဆီးတတ်သော ကောင်းကင်တမန်တပ်ဖွဲ့အားဖြင့် မိမိ၏ပြင်းထန်သောအမျက်၊ ဒေါသ၊ အမျက်မာန်ဟုန်နှင့်ဆင်းရဲဒုက္ခကို သူတို့ထံသို့စေလွှတ်တော်မူ၏။
အကျဉ်းသားတို့တွင် ဝပ်တွားခြင်း၊ သတ်ဖြတ်ခံရသောသူတို့တွင် လဲကျခြင်းမှတစ်ပါး အခြားမရှိ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ညည်းတွားငိုကြွေးကြလော့။ ထာဝရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံမှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာမည်။
ထိုနေ့ရက်၌ ငိုကြွေးမြည်တမ်းကြရန်နှင့် ခေါင်းတုံးတုံးပြီး လျှော်တေအဝတ်ဝတ်ကြရန်အတွက် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား နှိုးဆော်တော်မူ၏။
မိမိကိုယ်မိမိ အားရကျေနပ်နေသောမိန်းမတို့၊ ကြောက်ရွံ့တုန်လှုပ်ကြလော့။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသူတို့၊ ထိတ်လန့်တုန်လှုပ်ကြလော့။ အဝတ်ချွတ်၍ ကိုယ်ဗလာကျင်း နေကြလော့။ ခါးစည်းကြလော့။
ထာဝရဘုရားသည် မိမိလူမျိုးတော်ကို အမျက်ထွက်၍ သူတို့အပေါ်လက်တော်ကိုဆန့်လျက် ဒဏ်ခတ်တော်မူမည်။ တောင်တို့သည်လှုပ်ခတ်ကြလိမ့်မည်။ သူတို့အလောင်းသည် လမ်းမအလယ်၌ အမှိုက်သရိုက်ကဲ့သို့ဖြစ်လိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
အရှေ့ဘက်မှ ဆီးရီးယားလူမျိုး၊ အနောက်ဘက်မှ ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးကို အငမ်းမရဝါးမျိုကြလိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
သူတို့အားလုံးသည် ဘုရားတရားမဲ့သောသူ၊ ဆိုးညစ်သောသူတို့ဖြစ်ကြ၏။ သူတို့အားလုံး၏နှုတ်သည်လည်း မိုက်မဲသောစကားကို ပြောဆိုတတ်ကြ၏။ ထို့ကြောင့် ဘုရားရှင်သည် လူပျိုတို့အပေါ် နှစ်သက်တော်မမူ။ မိဘမဲ့နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
မနာရှေအမျိုးက ဧဖရိမ်အမျိုးကို၊ ဧဖရိမ်အမျိုးက မနာရှေအမျိုးကို ဝါးမျို၏။ သူတို့အတူတကွ ယုဒအမျိုးကို ဆန့်ကျင်ကြ၏။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
အို သိုးထိန်းတို့၊ ညည်းတွားငိုကြွေးကြလော့။ အော်ဟစ်ကြလော့။ အို သိုးစုခေါင်းဆောင်တို့၊ ပြာ၌လူးကြလော့။ သင်တို့ကိုသတ်ဖြတ်မည့်နေ့ရက်၊ တကွဲတပြားဖြစ်စေမည့်နေ့ရက် ရောက်လာပြီ။ အဖိုးတန်ပစ္စည်းပျက်စီးသကဲ့သို့ သင်တို့ပျက်စီးကြလိမ့်မည်။
ထာဝရဘုရား၏အကြံအစည်တော် အထမမြောက်မီ၊ မပြီးမြောက်မီ ပြင်းထန်သောအမျက်တော်ပြေလိမ့်မည်မဟုတ်။ ဤအရာကို နောက်ဆုံးသောကာလ၌ သင်တို့နားလည်ကြလိမ့်မည်။
မောဘပြည် ပြိုလဲပြီဖြစ်၍ အရှက်ကွဲပြီ။ ငိုကြွေးမြည်တမ်းကြလော့။ မောဘပြည် ဖျက်ဆီးခံရကြောင်းကို အာနုန်ချောင်းတစ်လျှောက် ကြေညာကြလော့။
အို ငါ့လူမျိုးသမီးပျို၊ ပျက်စီးခြင်းသည် ငါတို့ထံ ရုတ်တရက်ရောက်လာမည်ဖြစ်၍ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာ၌လူးလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းသကဲ့သို့ ခါးသီးစွာငိုကြွေးလော့။
လမ်းသွားလမ်းလာအပေါင်းတို့၊ သင်တို့နှင့်ဘာမျှမဆိုင်သလော။ ထာဝရဘုရားပြင်းစွာအမျက်ထွက်တော်မူသောနေ့၌ ငါ့ကို ခံစားစေတော်မူသော ဒုက္ခဝေဒနာမျိုး မချိတင်ကဲခံရဖူးသူရှိသလော၊ ကြည့်လှည့်ပါ၊ မြင်လှည့်ပါ။
‘အချင်းလူသား၊ ငိုကြွေးမြည်တမ်းလော့။ အကြောင်းမှာ ဓားသည် ငါ့လူမျိုးတော်ကို တိုက်ခိုက်လေပြီ။ အစ္စရေးခေါင်းဆောင်တို့ကို တိုက်ခိုက်လေပြီ။ သူတို့သည် ငါ့လူမျိုးတော်နှင့်အတူ ဓားလက်သို့ကျရောက်သည်ဖြစ်၍ ရင်ဘတ်စည်တီးလော့။
“အချင်းလူသား၊ ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက ‘ညည်းတွားငိုကြွေးလော့။ အမင်္ဂလာနေ့ ရောက်တော့မည်။
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းကြလော့။ ယဇ်ပလ္လင်၏အမှုထမ်းတို့၊ ညည်းတွားကြလော့။ ငါ၏ဘုရားသခင်အမှုတော်ကိုထမ်းဆောင်သောသူတို့၊ လာကြ။ တစ်ညလုံး လျှော်တေအဝတ်ကိုဝတ်အိပ်ကြလော့။ အကြောင်းမူကား သင်တို့ဘုရားသခင်၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ကုန်ခန်းလေပြီ။
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
သင်ချစ်မြတ်နိုးသောသားသမီးတို့သည် ဖမ်းခေါ်သွားခြင်းခံရမည်ဖြစ်သောကြောင့် ဆံပင်ညှပ်၍ ခေါင်းတုံးတုံးလော့။ လင်းယုန်ငှက်ကဲ့သို့ သင့်ခေါင်းကို ပြောင်စေလော့။
ထာဝရဘုရားက မောရှေအား “လူတို့ထဲမှ အကြီးအမှူးရှိသမျှတို့ကို ခေါ်ထုတ်၍ ထာဝရဘုရား၏ရှေ့၊ နေပူထဲ၌ သူတို့ကိုဆွဲထားလော့။ သို့ပြုလျှင် ထာဝရဘုရား၏ပြင်းထန်သောအမျက်သည် အစ္စရေးလူမျိုးတို့ထံမှ လွှဲသွားလိမ့်မည်”ဟု မိန့်တော်မူ၏။